မိန်းမရယ်လို့ဖြစ်လာပြီဆိုရင် သင့်ရဲ့ ရင်သားပုံစံက ဘယ်လို ပုံစံမျိုးဆိုတာသိသင့်ပါတယ်။ အဲ့ဒါဟာ အရေးကြီးသလို မသိမဖြစ်တဲ့ အထဲမှာလဲ ပါ ပါ့တယ်။ ဒီ သတင်းလေးကိုကြည့်ပြီး ခွဲခြားလိုက်ပါနော်.....

ခေါင်းလောင်းပုံစံရင်သား

ဒီလိုမျိုးရင်သားမျိုးကတော့ အပေါ်ပိုင်းမှာသေးပြီး အောက်ပိုင်းမှာကြီးတဲ့ အမျိုးအစားမျိုးထဲမှာပါပါတယ်။

အချိုးမညီတဲ့ရင်သား

မှန်ပါတယ် သင်ထင်ထားတဲ့ အတိုင်း တစ်ဖက်နှင့်တစ်ဖက်ဟာ အချိုးမညီဘဲ တစ်ဖက်ကြီး တစ်ဖက်သေးထဲမှာပါ ပါတယ်။ သင့်ရဲ့ ရင်သားဟာ တစ်ဖက်နှင့် တစ်ဖက်မတူရင်တော့ ဒီထဲကလို့ဘဲ မှတ်လိုက်တော့နော်။

ကျစ်လစ်သွယ်လျသောရင်သား

ဒီရင်သားပိုင်ရှင်တွေကတော့ သေးငယ်တဲ့ရင်သားကိုပိုင်ဆိုင်ထားပြီး နို့သီးဟာလဲ အောက်ဘက်ကို ဆိုက်နေတတ်ပါတယ်။

မျက်ရေပေါက်ပုံစံရင်သား

ဒီလိုမျိုးပုံစံရင်သားမျိုးကတော့ အပေါ်မှာပြောထားတဲ့ရင်သားပုံစံမျိုးရဲ့ အကြီးစားလို့ပြောလို့ရပါတယ်။ အဖျားနားမှာ နည်းနည်းကြီးတဲ့ပုံစံမျိုးပေါ့နော်။

ကြားကွာရင်သား

ကြားကွာရင်သားမျိုးက တော့ တစ်ခုနှင့်တစ်ခုကြားမှာကွာခြားတဲ့အမျိုးအစားမျိုးပါ။

တောင်-မြောက်ရင်သား

ကြားကွာရင်သားမျိုးလို ပါဘဲ တစ်ခုနှင့်တစ်ခု ကြားမှာ ကွာပြီး နို့သီးက အပြင်ဘက်ကိုထွက်နေတဲ့အမျိုးအစားမျိုးပါ။

ဝိုင်းနေတဲ့ရင်သား

ဒါမျိုးကတော့ အပေါ်ဘက်ကော အောက်ဘက်မှာပါ ပြည့်ပြီး ညီနေတဲ့ အမျိုးအစားမျိုးပါ။

ဘယ်လိုပုံစံမျိုးဘဲဖြစ်ဖြစ် သင့်ရဲ့ရင်သားဟာသူ့ဟာနှင့်သူလှနေတာဘဲမို့လို့စိတ်မပူပါနှင့်နော်။

Source: 9gag

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။