မိဘမဲ့ဖြစ်နေတဲ့ ချစ်စရာကောင်းတဲ့ သားသမီးများကို ကိုယ့်သားသမီးအရင်းသဖွယ် ရင်အုပ်မကွာပြုစုစောင့်ရှောက်နေသူကတော့ ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်. သူမဟာ အနုပညာအလုပ်များသာမကပဲ ပရဟိတလုပ်ငန်းတွေကိုလည်း အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လုပ်ဆောင်မှုတိုင်းဟာလည်း လူတိုင်းမချီးကျူးပဲမနေနိုင်အောင်ပါပဲနော်။

လတ်တလောမှာလည်း မော်လမြိုင်ရေဘေးသင့် ပြည်သူများအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ လိုအပ်တဲ့ နေရာတိုင်းကို သူမရဲ့စုဆောင်းထားတဲ့ အနုပညာကြေးများနဲ့ လှူဒါန်းလေ့ရှိတာလည်း ဖြစ်ပါတယ်။ သူမရဲ့ သမီးလေး ရွှန်းရတီခိုင်ဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးလူတတ်လေးဖြစ်လာပြီး ခိုင်နှင်းဝေရဲ့ ငယ်ရုပ်လေးနဲ့တူကြတယ်လို့လည်း ပရိသတ်တွေက မှတ်ချက်ပြုနေကြတာပါ။ 

သမီးလေးရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှလေ့ရှိပြီး အခုတစ်ခေါက်မှာလည်း ဗီဒီယိုလေးတစ်ခု ဝေမျှထားတာပဲ ဖြစ်ပါတယ်။ သမီးလေးဟာနေမကောင်းတဲ့ကြားက သီချင်းသံကြားတဲ့အခါမှာ ကသေးတာ ဆိုပြီး မေမေခိုင်နှင်းဝေက ဗီဒီယိုလေးတစ်ခု ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Khine Hnin Wai 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။