ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ပုရိသတွေရဲ့ အသည်းနှလုံးကိုရယူပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်...။ သူမက တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုရုပ်ရှင်လောကမှာ ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီး အခုအချိန်ထိ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာဖြစ်ပါတယ်...။ သင်ဇာဝင့်ကျော်က အတိုအပြတ်လေးတွေကို အမြင်မရိုင်းဘဲ ဝတ်ဆင်လေ့ရှိသလို၊ မြန်မာဝတ်စုံလေးတွေကိုလည်းရိုးယဉ်စွာ အမြတ်တနိုးဆင်မြန်းလေ့ရှိတာဖြစ်ပါတယ်....။

သင်ဇာဝင့်ကျော်ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ ပွဲတက်ပုံရိပ်တွေဟာ social mediaပေါ်မှာ လုံးဝကိုရေပန်းစားကျော်ကြားခဲ့တာဖြစ်ပါတယ်....။ ဘယ်သူ့နဲ့မှ မတူအောင် သစ်လွင်တဲ့ စတိုင်တွေနဲ့ သူမရဲ့ ကောက်ကြောင်းအလှတရား၊ ဖြူဖွေးဝင်းပတဲ့ အသားအရေ အလှတရားတို့ကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်...။ ဒါကြောင့်မလို့လည်း မတ်မတ် သင်ဇာဆိုပြီး ပုရိသတွေရဲ့ အသည်းအသန်ဝန်းရံမှုတွေကို ရရှိနေသူဖြစ်ပါတယ်....။ သင်ဇာက ပွင့်လင်းစွာ စကားပြောတတ်သူပီပီ ပရိသတ်တွေ မေးမြန်းတဲ့ ကိစ္စတွေကိုလည်း အင်တာဗျူးတွေမှာ ရှင်းလင်းစွာ ဖြေကြားခဲ့တာကို အားလုံးပဲ သိကြမှာပါနော်...။

သင်ဇာလေးက ခေတ်လူငယ်ဖြစ်တဲ့ အပြင်၊ အောင်မြင်နေတဲ့ အနုပညာသမားတစ်ယောက်အဖြစ် ဘဝလမ်းကြောင်းကို လျှောက်လှမ်းနေတာမလို့ ပရိသတ်တွေနဲ့ ရင်းနှီးခင်မင်မှုတွေ၊ အားပေးမှုတွေက သူမအတွက် အားဆေးတစ်ခွက်ပဲဖြစ်ပါတယ်...။ နိုင်ငံတကာက အနုပညာရှင်တွေ၊ cele တွေက social media ကွန်ယက်တွေဖြစ်ကြတဲ့ facebook၊ Instagram တို့ကို အသုံးပြုပြီး ဖော်ပြပေးလေ့ရှိသလို သင်ဇာလေးကလည်း သူမရဲ့ အနုပညာလုပ်ငန်းတွေ၊ တစ်နေ့တာလှုပ်ရှားမှုတွေကို ထိုကွန်ယက်တွေပေါ်မှာ ဝေမျှပေးလေ့ရှိပါတယ်...။ Myanmarload ပရိသတ်ကြီးရေ ပုဂံမြေမှာ ရိုက်ကူးထားတဲ့ အလှပုံရိပ်တွေကို ရှုစားသွားကြပါဦးနော်....။

Source Thin Zar Wint Kyaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။