ယနေ့အထိဖြစ်ပွားနေဆဲဖြစ်တဲ့ ရှမ်းပြည်အတွင်းက စစ်ပွဲသတင်းတွေကိုတော့ ပရိသတ်တွေလည်း ကြားသိမယ်ထင်ပါတယ်။ အဆိုပါပြည်တွင်းစစ်ပွဲကြောင့် ပျက်ဆီးခဲ့မှုတွေထဲမှာ ဂုတ်တွင်းတံတားကတော့ အဓိကပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ၎င်းဂုတ်တွင်းတံတားကတော့ သြဂုတ်လ ၁၅ရက်နေ့နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့အချို့ရဲ့ ဗုံးခွဲ ဖျက်ဆီးခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ 

အဆိုပါ ပျက်ဆီးသွားတဲ့ ဂုတ်တွင်းတံတားကြောင့် ကူးသန်းရေးအတွက် အခတ်အခဲများစွာဖြစ်ခဲ့ပြီး ကုန်ကားများစွာရပ်နားခဲ့ရကြောင်း သိရပါတယ်။ ပျက်ဆီးသွားတဲ့ ဂုတ်တွင်းတံတားကို အစိုးရဘက်မှ အမြန်ဆုံးပြန်လည်ဆောက်လုပ်လျှက်ရှိပြီး နေ့ညမပျက်ဆောက်လုပ်နေကြကြောင်း သိရပါတယ်။ လက်ရှိ အဆိုပါ တံတားကို အိမ်စီးကားငယ်များနဲ့ ကုန်ကားကြီးများ (ယာဉ်+ကုန်=၃၆တန်)ဖြတ်သန်းနိုင်ဖို့ ဆောင်ရွက်လျှက်ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပြခဲ့ပါတယ်။  

အဆိုပါ ပျက်ဆီးသွားတဲ့ ဂုတ်တွင်းတံတားအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူများ သွားလာရ အဆင်ပြေစေဖို့ ယာယီဘေလီတံတားတည်ဆောက်ရေးကို ၅ ရက်အချိန်ယူကာ အပြီးတည်ဆောက်ပေးသွားလို့ သိရပါတယ်။ နေ့ညမပျက်ဆောက်လုပ်နေကြတဲ့ ဂုတ်တွင်းတံတားမှ ဆောက်လုပ်မှု ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

photos - Myo Thant Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။