AFF U 18 ပြိုင်ပွဲဝင်မြန်မာယူ၁၈အသင်းဟာမနေ့က တတိယလုပွဲကိုအင်ဒိုနီးရှားအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး (၅-ဝ)နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာအဆိုပါပွဲကိုရှုံးနိမ့်ခဲ့ပေမယ့် ပြိုင်ပွဲရဲ့ အသန့်ရှင်းဆုံးဆုကိုတော့ရခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီနေ့ပွဲမှာ ပုံစံကောင်းတွေပြသဖို့ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ပြီးတတိယနေရာလုပွဲကစားရတာဖြစ်တာကြောင့် ကစားသမားတွေဟာရှေ့ပွဲတွေကလို ခြေစွမ်းတွေမပြနိုင်ခဲ့တာဖြစ်ပါတယ်။အင်ဒိုနီးရှားအသင်းကတော့ ပွဲစတာနဲ့ကစားကွက်ကိုအကောင်းဆုံးတည်ဆောက်ပြီး တိုက်စစ်ဆင်ကစားခဲ့တာဖြစ်ပါတယ်။အင်ဒိုရဲ့ လျှင်မြန်တဲ့တိုက်စစ်တွေကြောင့်လည်း ပထမပိုင်းမှာတင် (၅-ဝ)နဲ့ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့နှစ်သင်းလုံးဟာကစာအားကျသွားခဲ့ပြီး ပွဲကတော့ အေးစက်နေခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာခြေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့်အင်ဒိုအသင်းရဲ့ဖျက်ထုတ်မှုတွေကြောင့် ဂိုးမရခဲ့တာပါ။မြန်မာယူ၁၈အသင်းဟာဒီပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် အနာဂတ်အတွက်အားကိုးစရာပဲဖြစ်ပါတယ်။

SOURCE:MFF

Video:Next Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။