ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်ကို လူတိုင်းသိကြမှာပါနော်။ သူမဟာ အနုပညာလောကထဲကို ဝင်ရောက်လာတာ မကြာသေးပင်မယ့်လည်း အချိန်တိုအတွင်းမှာ ကြော်ငြာများနဲ့ Music video များစွာကို လက်မလည်အောင်ရိုက်ကူးနေရသူလေးလည်း ဖြစ်ပါတယ်။ ကလေးတစ်ယောက်လို ဖြူစင်တဲ့ စိတ်ထားလေးကြောင့်လည်း အားလုံးရဲ့ ချစ်ခြင်းတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်။  

သူမဟာ မကြာခင်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ့်ပြီး ပရိသတ်တွေကိုလည်း သူမရဲ့လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိသူလည်း ဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးအခြေနေကိုလည်း မကြာသေးခင်က သူမရဲ့ Facebook myday လေးမှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။

သဇင်ထူးမြင့်ကတော့ လတ်တလောမှာ ဖြစ်ပွားမှုများနေတဲ့ ဆင်တုပ်ကွေးရောဂါကို ကြုံတွေ့ခံစားနေရတာပဲဖြစ်ပါတယ်။ သူမရဲ့ Facebook myday လေးတွင်လည်း " ဆေးထိုးမြန်သွားလို့ နည်းနည်းသက်သာသွာတာ " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဲတစ်ယောက် အမြန်နေကောင်းပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Photo - Thazin Htoo Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။