ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောလေး ဖွေးစိန်ကတော့ မချစ်တဲ့လူ မရှိသလောက်ကို လူချစ်လူခင်ပေါများသူလေးပါနော်..။

ဥရုပ်ဆောင်ပီပြင်ပိုင်နိုင်မှုတွေအပြင် ပရိသတ်တွေရဲ့အချစ်တွေနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ဖြူစင်ပြီး ပွင့်လင်းတဲ့ဟန်ပန်လေးတွေနဲ့ ကလေးတစ်ယောက်လို အပြစ်ကင်းတဲ့ အပြုံးချိုချိုလေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေပါပဲ..။


အားလုံးရဲ့ အသည်းကျော်လေး ဖွေးစိန်ကတော့ ဒီနေ့လေးမှာောတ့ သူမရဲ့ အကြောင်းလေးတွေနဲ့ ရင်တွင်း စိတ်ခံစားချက်လေးတွေကို ချစ်ပရိသတ်တွေကို ပြောပြလာခဲ့တာ တွေ့ရပါတယ်နော်..။

ရုပ်ရှင်ထဲမှာနဲ့ တကယ့်အပြင်လောကမှာ သူမရဲ့အကြောင်း စိတ်သဘောထားလေးတွေနဲ့ ဘဝအမောတွေနဲ့ အသက်မနည်းရှုနေရတဲ့အချိန်တွေမှာ ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေကြောင့်အရမ်းတန်ဖိုးထားပြီး ဝမ်းနည်းတာတွေဆိုမပေးချင်ပဲ အားတွေနဲ့ အပျော်လေးတွေကိုပဲ မျှဝေချင်တဲ့အောကာင်းလေးတွေကို ပြောပြလာခဲ့ပါတယ်နော်..။


အဲ့ဒီ့အပြင် သူမအနေနဲ့ ပြုံးနေတိုင်းလည်း စိတ်ဓာတ်မကျတတ်လို့ မဟုတ်ပဲ မပြည့်စုံတာတွေနဲ့ လိုအပ်ချက်တွေကို အဆက်မပြတ် ကြိုးစားနေဆဲဖြစ်တဲ့အကြောင်းလေးတွေကို မုန်းလို့ မကောင်းပြောတဲ့လူတွေအပေါ်မှာလည်း အရာရာကို ခွင့်လွှတ်ပြီးသားမို့ ဘာခံစားချက်မှ မထားခဲ့တဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားတာ တွေ့ရပါတယ်..။

ဖွေးစိန်လေးကတော့ “ဒီစာကိုနှလုံးသားနဲ့ ရေးလို့ ရင်ဘတ်ရှိသူတွေ

ထိရပါစေ...

တချို့လူတွေကပြောကြတယ်ပိုချောလာတယ်တဲ့..

အမှန်ကမဟုတ်ပါဘူး...

ပိုတွေးတတ်..ပိုစိတ်ထားတတ်လာတာပါ..” ဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောပြထားတာမို့ အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ချစ်ပရိသတ်တွေကလည်း အားပေးစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo - ဖွေးဖွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။