အာစီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်မြန်မာအမျိုးသမီးအသင်းကတော့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းဟာ ဒီပွဲမကစားခင်ကတည်းက ဆီမီးဖိုင်နယ်ကိုရောက်ရှိခဲ့ပေမယ့် အုပ်စုဗိုလ်ဖြစ်ဖို့အတွက်ကြိုးစားရတော့မှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ရှေ့ပွဲ၂ပွဲမှာ ဂိုးပြတ်နိုင်ပွဲတွေယူပြီး ခြေစွမ်းတွေပြနေတာဖြစ်ပါတယ်။ဒီနှစ်အတွင်းနိုင်ငံတစ်ကာပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရယူထားတဲ့မြန်မာအမျိုးသမီးအသင်းကတော့ ဒီပြိုင်ပွဲမှာလည်း အောင်မြင်မှုရဖို့ကြိုးစားနေတာဖြစ်ပါတယ်။လူငယ်တွေနဲ့တူတူ ဝါရင့်ကစားသမားတွေဟောင်းတွေပါဝင်တဲ့ မြန်မာအမျိုးသမီးအသင်းကတော့ အကောင်းဆုံးခြေစွမ်းတွေကိုရရှိထားတာဖြစ်ပါတယ်။

ဗီယက်နမ်အသင်းနဲ့တွေ့ဆုံတိုင်းလည်းပြိုင်ဆိုင်မှုပြင်းထန်တာကြောင့် ဒီနေ့ပွဲကတော့အပြိုင်အဆိုင်နဲ့အကြိတ်အနယ်ရှိလာမှာဖြစ်ပါတယ်။ဗီယက်နမ်အသင်းကလည်း ထိပ်သီးအသင်းတစ်သင်းဖြစ်တာကြောင့် မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကအသင်းကြီးတွေကိုမတွေ့ဆုံခင်ဗီယက်နမ်နဲ့ကစားရတာကအကောင်းဆုံး အတွေ့အကြုံရလာမှာဖြစ်ပါတယ်။ပရိသတ်တွေလည်း မြန်မာ့အမျိူးသမီးအသင်းရဲ့ ပွဲစဉ်ကိုလည်းအားပေးကြပါဦးနော်။

source:mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။