ကလေးအရွယ်ကတည်းက အနုပညာနယ်ပယ်ထဲသို့ ဝင်ရောက်လာပြီး သရုပ်ဆောင်ကောင်းခဲ့တဲ့အတွက်ကြောင့် အားပေးမှုများစွာ ရရှိခဲ့တဲ့ ပရိသတ်တော် အချစ်တော် ဝါဆိုမိုးဦးကတော့ အဆိုတော်ဖြိုးလေးနဲ့အတူ နှစ်ကိုယ်တူ ချစ်သူဘဝလေးကို တည်ဆောက်နေတာဖြစ်ပါတယ်....။ ဝါဆိုလေးက အသားအရေဆိုပြေသူဖြစ်ပြီး ခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း အပြေပြစ်ပြောစရာမရှိအောင် အချိုးအစားညီညာသူတစ်ယောက်ပါ...။ ဝါဆိုမိုးဦးကအတိုအပြတ်လေးတွေကို အမြင်မရိုင်းဘဲ ဆွဲဆောင်မှုရှိအောင် ဆင်မြန်းတတ်သူတစ်ယောက်ဖြစ်ပါတယ်...။

ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ဟာ ချစ်သူဘဝမှာ တည်ငြိမ်နေပြီး ပွဲလမ်းဘဘင်တွေ၊ အခမ်းအနားဖွင့်ပွဲတွေသို့ လိုက်ဖက်ညီစွာ တက်ရောက်ခဲ့တာဖြစ်ပါတယ်....။ ပင်လယ်ကမ်းခြေတွေသို့ အပန်းဖြေခရီးအတူထွက်လေ့ရှိပြီး အမှတ်ရဓာတ်ပုံတွေကိုလည်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ ဝါဆိုနဲ့ ဖြိုးလေးတို့က နှစ်ကိုယ်တူ တေးသီချင်းဗီဒီယိုတွေကိုလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်....။ ဝါဆိုလေးက ကျန်းမာရေးလိုက်စားသူဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်အောင် gym ကိုလည်း အချိန်ပေးပြီး စနစ်တကျနဲ့ ဆော့လေ့ရှိတာဖြစ်ပါတယ်....။

ဝါဆိုမိုးဦးက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "အလွင့်လေးလွင့်" ဆိုတဲ့ status လေးနဲ့အတူ အဝါရောင်ဖက်ရှင်လေးနဲ့ အမိုက်စားပုံရိပ်တွေကို သူမရဲ့ official acc တွင် ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Warso Moe Oo

Photo Credit Ye Naung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။