မင်းသမီးချောလေး နေခြည်ဦးကတော့ အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် ခဏလေးအတွင်းမှာ အောင်မြင်မှုကိုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူများနဲ့မတူဘဲ အမြဲတမ်းဆန်းသစ်ပြီး ပေါ်လွင်နေလေ့ရှိတဲ့ နေခြည်ဦးက အခုဆိုရင် Beauty Bloggerအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ နေခြည်ဦးက ပွဲအခမ်းအနားတော်တော်များများကို တက်ရောက်နေရသလို ဇာတ်လမ်းတွဲအသစ်တစ်ခုကိုလည်း ရိုက်ကူးဖို့လက်ခံထားရပါတယ်။

သူမရဲ့ဘဝနေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားတဲ့ နေခြည်ဦးက အချစ်ရေးနဲ့ပတ်သက်ပြီးလည်း အကုန်ပြောပြထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေခြည်ဦးက သူမရဲ့ချစ်သူနဲ့တရားဝင်လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာထားသလို သူမအနေနဲ့ အသည်းကွဲနေတယ်လို့လည်း သိရပါတယ်။ အခုလည်း နေခြည်ဦးက "Vivo" ပွဲကိုတက်ရောက်လာရင်း ပရိသတ်တွေသိလိုသမျှမေးခွန်းတွေကို အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

နေခြည်ဦးက " အသည်းကတော့အမြဲကွဲတယ် ဒါပေမယ့် အသည်းကွဲပြီးမသေသွားတာ နေခြည်က သက်သေပါပဲ အခုလိုအချိန်က လက်ဖျောက်တီးရင်တောင် မျက်ရည်ကျလွယ်တယ် အချိန်ကကုစားသွားရင်တော့ အဆင်ပြေသွားမှာပါ ပရိသတ်တွေကိုတော့ တစ်ခါတစ်လေ နေခြည့်ကို ရည်းစားဟောင်းနဲ့ပုံတွေမှာ Mention ခေါ်ကြတာ အရမ်းအသည်းယားတာ မဖျက်တာမဟုတ်ဘူးပြန်မကြည့်ချင်တာ မလုပ်ပါနဲ့လို့လည်း မပြောချင်ဘူး " ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးရဲ့အင်တာဗျူးဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Myanmarload TV;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။