ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ပတ်ဝန်းကျင်းမှာ အမြဲမြင်တွေ့နေရတာကတော့ မရိုးနိုင်တဲ့အရာကတော့ ကြော်ငြာတွေလို့ပဲ ပြောရမှာပါ။ ရုံးသွားနေရင်း ဘက်စီးတဲ့အခါ ကားပေါ်မှာလည်း ကြော်ငြာတွေ တွေ့ရသလို Facebook သုံးတဲ့အခါပဲ ဖြစ်ဖြစ် TV အစီအစဉ်တွေ ကြည့်တဲ့အခါပဲ ဖြစ်ဖြစ် အမြဲလိုလို တွေ့နေရတာကတော့ အသွင်အသစ် အမြင်အသစ်နဲ့ အမျိုးမျိုးပြသနိုင်တာကတော့ ကြော်ငြာတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မိမိရဲ့ကုန်ပစ္စည်းကို သူများတွေထက် ပိုပြီးပေါ်လွင်အောင် ကြော်ငြာနိုင်တဲ့ Brand ပုံရိပ်တစ်ချို့ကိုဖော်ပြပေးချင်ပါတယ်ဗျ။

အခုမြင်တွေ့နေရတာဆိုရင် မိမိရဲ့ ကုန်ပစ္စည်းကို လူမြင်ကွင်းမှာ ထင်သာမြင်သာ ရှိစေတဲ့အပြင် တစ်ဖက်မှာလည်း ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး အကောင်းမြင်ပုံစံဖြစ်စေဖို့အတွက် ပတ်ဝန်းကျင်အကျိုးပြုတဲ့ အရာလေးတွေနဲ့ပါ တွဲပြီး ကြော်ငြာလာတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ ကြော်ငြာခြင်းဆိုတဲ့ ပညာဟာ လုံးဝကို မလွယ်ကူတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ ကုန်ပစ္စည်းအသစ်ကို ကြေငြာဖို့ဆိုတာ အတွေးအခေါ်အသစ်တွေ လိုအပ်သလို မိမိမှာ ရှိနေပီးသားဖြစ်တဲ့ ကုန်ပစ္စည်းတွေကိုလည်း ဆက်ပြီးလူကြိုက်များနေအောင် ဆက်လက်ထိန်းသိမ်း ထားဖို့ဆိုတာလည်း ခက်ခဲတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

ပုံတွေ ကြည့်လိုက်ရင်းနဲ့ကို သတိထားမိတာက မိမိကုန်ပစ္စည်းကြော်ငြာဖို့ သက်သက်ကြီးသာ အာရုံစိုက်ထားတာမဟုတ်ပဲ တစ်ဖက်မှာလူတွေကိုပါ ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတဲ့ စိတ်ကူးလေးတွေနဲ့ပါ ပေါင်းစပ်ပြီး ကြော်ငြာလာကြတာမို့ တစ်ကယ့်ကိုကောင်းမွန်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလိုမျိုး ကြော်ငြာလေးတွေဟာ ရေပန်းစားလာနိုင်ပြီး ပိုပီးပို့တော့ လည်း ဒီလိုမျိုးလေးတွေ ထပ်လုပ်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်ဗျ....

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။