နိုင်ငံကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုတွေလည်း ဆွတ်ခူးထားပြီး မင်းသားချော ပြေတီဦးနဲ့အတူ ချစ်စရာမောင်နှမ နှစ်ယောက်ကို ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်...။ အိန္ဒြာကျော်ဇင်က တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုရုပ်ရှင်လောကမှာ ဇာတ်ကားပေါင်းများစွာကို လက်ခံရိုက်ကူးထားပြီး အခုအချိန်ထိ နာမည်တစ်လုံးနဲ့ရပ်တည်နေတာဖြစ်ပါတယ်...။ အိန္ဒြာကျော်ဇင်နှင့် ပြေတီဦးတို့က ချစ်စရာသားဖိုးဓီ၊ ချစ်စရာသမီးလေး သုသုတို့နဲ့အတူ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို အေးချမ်းသာယာစွာ တည်ဆောက်နေတာဖြစ်ပါတယ်...။

အိန္ဒြာကျော်ဇင်ပါဝင်ရိုက်ကူးထားတဲ့ "JIN PARTY" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားလျက်ရှိပါတယ်....။ ထိုဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ရာဇဝင်ကို ပုံဖော်ရိုက်ကူးပြီး နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြတဲ့ ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ခင်လှိုင်၊ ထူးအောင်၊ ယဉ်လက်၊ ရွှေအိမ်စည် စသည်တို့အပြင် အခြားသရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားပါသေးတယ်....။ ၂၂ရက်နေ့ ရုံတင်ပြသတော့မှာမလို့ ဘဝ အမောတွေ ပြေစေဖို့ စောင့်မျှော်အားပေးကြပါဦးနော်....။

အိန္ဒြာကျော်ဇင်ရဲ့ နုပျိုလှပမှုတွေကတော့ အရွယ်နဲ့မလိုက်အောင်ပင် အချိုးအစားညီညာစွာ ဆွဲဆောင်မှုရှိလှတာဖြစ်ပါတယ်...။ အိန္ဒြာကျော်ဇင်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ official page တွင်" Jin Party Red Carpet Show တက်ဖြစ်တဲ့ အမှတ်တရလေးပါ..."ဆိုတဲ့ status လေးနဲ့အတူ အလှပုံရိပ်တွေ ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။