မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် အနုပညာလောကမှာ နှစ်ပေါင်းများစွာ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်ကျော်ကြာရှိနေပြီဖြစ်သလို အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ချိန်မှာတော့ ခင်ဇာခြည်ကျော်က ဇာတ်ကားတွေဆက်လက်ရိုက်ကူးနေရသလို သားနဲ့သမီးကိုလည်း ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။

သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က ကလေးအမေဆိုပေမယ့် ရှိရင်းစွဲအသက်အရွယ်ထက် နုပျိုလှပလွန်းတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ဇာခြည်ကျော်က ခေတ်ရေစီးကြောင်းအတိုင်း လိုက်ဖက်ညီစွာဝတ်ဆင်တတ်တာကြောင့် သမီးလေးနဲ့ညီအစ်မလို့တောင် ထင်မှတ်ရတာ ဖြစ်ပါတယ်။ အခုလည်း ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက် ''ဂျင်ပါတီ'' ဇာတ်ကားရဲ့ Red Carpet Show ပွဲကို တက်ရောက်ခဲ့ပါတယ်။

အနီရောင်ဖက်ရှင်လေးတွေဆင်တူနဲ့ အရမ်းလှနေတဲ့ ခင်ဇာခြည်ကျော်တို့သားအမိက ညီအစ်မတွေလို့တောင် အထင်မှားရလောက်တာ ဖြစ်ပါတယ်။ သမီးလေးထင်သစ္စာကလည်း အရမ်းချစ်ဖို့ကောင်းနေသလို မေမေခင်ဇာခြည်ကျော်ကလည်း အရွယ်တင်နုပျိုလှပနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ရဲ့ ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Khinzar Chikyaw Zar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။