တစ်ချိန်က အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ မင်းသမီးချော ချောရတနာကတော့ လက်ရှိမှာ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးနဲ့ အခြေကျနေပါပြီ။ အိမ်ထောင်ရေးကံကောင်းတဲ့သူမကတော့ ဒီနေ့အထိအိမ်ထောင်ရေးပြသနာတစ်စုံတစ်ရာမကြားရပဲ သားသားမီးမီးလေးတွေ တစ်ယောက်ထက်တစ်ယောက်ပိုတိုးလာကာ သူတို့ရဲ့ အချစ်တွေ ကိုသက်သေပြနေသလားလို့တောင်ထင်မှတ်ရပါတယ်နော်။ တကယ့်ကိုအားကျစရာမိသားစုဘဝလေးပါပဲပရိသတ်ကြီးရေ။  

ချစ်စရာသားလေးနဲ့အတူ သမီးအငယ်လေးတစ်ယောက်ကိုပါပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးနဲ့အတူ ဖြတ်သန်းလျှက်ရှိတာတွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ချောရတနာကတော့ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး နေ့စဉ် ဘုရားဝတ်ပြု ကုသိုလ်ယူလေ့ရှိတာလည်းတွေ့ရပါတယ်။  

လက်ရှိမှာလည်း ချောရတနာကတော့ ဘုရားရိပ်တရားရိပ်အောက်သို့ သွားရောက်နေပြီး အေးချမ်းတည်ငြိမ်နေတာတွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့သူမရဲ့ ဗုဒ္ဓအရိပ်အောက်က ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှေဝေပေးလိုက်ပါတယ်။

Photos - Chaw Yadanar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။