အသက်၂၀ ကျော်အရွယ်မိန်းကလေး Melody Moon နဲ့ သူ့မရဲ့ရည်းစားဖြစ်သူ အသက် ၂ရ Jamie Mitchell တို့ဟာ လမ်းခွဲပြတ်စဲခဲ့တာကြာပါပြီ။

သူတို့လမ်းခွဲခဲ့ရတဲ့အကြောင်းရင်းကတော့ Melody ဟာ Jamie ရဲ့ ဆိုးသွမ်းမှုတွေကို သည်းမခံနိုင်တော့တာကြောင့် ပဲဖြစ်ပါတယ်။

သို့ပေမယ့် လမ်းခွဲပြီးတာတောင် Melody အပေါ်မှာ မကျေနပ်နိုင်သေးတဲ့ ချစ်သူကောင်လေး Jamie ဟာ Melody ကို မကျေနက်ချက်တွေစုပုံပြီး နှိပ်စက် ပန်းခဲ့ပါတယ်။

သူလုပ်ခဲ့တာကတော့ Melody ကို သူ့ရဲ့တိုက်ခန်းဆီ ဖြားယောင်းခေါ်ဆောင်ကာ အခန်းထဲအရောက်မှာတော့ အော်ဟစ်ဆဲဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ နင့်မျက်နှာကို ဒီတစ်သက် ဘယ်ယောင်္ကျာလေးမှ မကြည့်ချင်အောင်လုပ်မယ်ဆိုပြီး

Melody ရဲ့မျက်နှာကို အချက်ပေါင်းများစွာ ကိုက်ပစ်ခဲ့ပါတယ်။

ဒါ့ကြောင့် Melody ရဲ့မျက်နှာတစ်ခုလုံးဟာဆိုရင်လည်း သွေးတွေအပြည့်ဖြစ်နေပြီး ရှိသမှအားသုံးပြီး ထွက်ပြေးခဲ့တဲ့အခါမှာတော့ ၎င်းတိုက်မှာရှိနေတဲ့ အခြားသူတွေရဲ့ အကူအညီနဲ့ လွတ်မြောက်ခဲ့ရပါတယ်။

သို့ပေမယ့် Melody ကတော့ ဒီတိုက်ခိုက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ရက်ပေါင်းများစွာ ကုသမှုခံယူခဲ့ရပြီး တချို့သောနေရာတွေမှာ အကြည်းတန်တဲ့ အမာရွတ်တွေ ကျန်ရှိနေခဲ့တယ်လို့ သိရပါတယ်။

Source : dailymail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။