သူမရဲ့အမည်ကတော့ Bobbi McCaughey လို့ခေါ်ပြီး မွေးရာပါ ဟော်မုန်းချို့တဲ့ရောဂါကြောင့် အမျိုးသမီးမျိုးဥကောင်းကောင်းမဖွံ့ဖြိုးနိုင်တဲ့ အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် သူမဟာ ပထမဆုံး ကလေးတစ်ယောက်ကို ဖွားမြင်ခဲ့ပြီးနောက်မှာတော့ ကံအရမ်းကောင်းစွာနဲ့ပဲ ၇ မွှာပူး ကိုယ်ဝန်ကို ဆောင်နိုင်ခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာတော့ အခက်အခဲအရမ်းမရှိခဲ့ပေမယ့် မွေးဖွားဖို့ အချိန်ကျရောက်လာတဲ့အခါမှာတော့ သူမရဲ့မွေးလမ်းကြောင်း အနေအထားကြောင့် ဆရာဝန်တွေဟာ သူမရဲ့ကလေး လေးယောက်ကို စွန့်လွှတ်ဖို့ ပြောကြားခဲ့ပါတယ်။

သို့ပေမယ့် သူမကတော့ လုံးဝစွန့်လွှတ်ခဲ့ခြင်းမရှိပဲ ကြုံတွေ့ရသမျှ အခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ခဲ့တာကြောင့် ကလေး ၇ ယောက်လုံးကို အောင်မြင်စွာနဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမထံကို ကောင်းမှုတွေဟာ အဆက်မပြတ်ဆိုသလို ရောက်ရှိလာခဲ့ပြီး ကလေးတွေ အားလုံးကို ကျွေးမွေးစောင့်ရှောက်ဖို့ အတွက်လည်း ကမ္ဘာတစ်ဝှမ်းက အလှူရှင်တွေထံကနေ အလှူငွေတွေ များစွာရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ သူမဟာ ကလေး ၈ ယောက်လုံးကို ဘွဲ့ရပညာတတ်တွေ ဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့ဖြစ်သလို သူမရဲ့ ကလေးတွေကတော့ အာဂမိခင်ကြီးဖြစ်တဲ့ သူမကို အရမ်းချစ်ကြတယ်လို့ သိရပါတယ်။

Source : Boredom 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။