Tysen Benz အမည်ရတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။

အကြောင်းရင်းကတော့ သူ့ရဲ့ ချစ်သူကောင်မလေး သေဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားသိခဲ့ရတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့် သူမရဲ့ချစ်သူကောင်မလေးဟာ တကယ်သေဆုံးသွားခဲ့တာ မဟုတ်ပါဘူး ၊ သူမရဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး Tysen Benz ကို စနောက်ခဲ့တာပဲဖြစ်ပါတယ်။

သူမဟာဆိုရင်လည်း လူမှုကွန်ယက်ပေးမှာရော ၊ ကျောင်းမှာပါ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ Tysen ကို သူသေဆုံးသွားပြီလို့ ယုံအောင် လှည့်စားနိုင်ခဲ့ပါတယ်။

သို့ပေမယ့် သူမသေဆုံးသွားပြီဆိုတာကို သိလိုက်ရတဲ့ Benz ကတော့ ကိုယ့်ကိုကိုယ် အစုံးစီရင်ဖို့ ကြံစည်ခဲ့ပေမယ့် မိခင်ဖြစ်သူက ဒီအကြံအစည်ကိုသိရှိခဲ့ပေမယ့် တားဆီးဖို့ အချိန်မမှီတော့ပါဘူး။

မိခင်ဖြစ်သူ တားဆီးဖို့ ကြိုးစားခဲ့ချိန်မှာတော့ Benz ဟာ သေဆုံးပြီးသားဖြစ်နေပြီပဲဖြစ်ပါတယ်။

ချစ်သူကောင်မလေးရဲ့ စနောက်မှုကြောင့် အဖန်ငါးရာ ငါးကမ္ဘာကိုတောင် မကြောက်တော့ဘဲ ကိုယ့်ကိုကိုယ် အစုံးစီရင်သွားတဲ့ သားလေးရဲ့ အဖြစ်ကိုကြည့်ပြီး မိခင်ကတေ့ာ ရင်ကွဲပက်လက်ဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။

Source : Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။