ချစ်ပရိတ်သတ်ကြီးရေ.... ဟိုးအရင်ငယ်ငယ်လေးကတည်းကနေ အခုချိန်ထိပရိတ်သတ်တွေရဲ့ ရင်ထဲမှာနေရာအပြည့်ယူခဲ့ပြီးတော့ တစ်ခဲနက်အားပေးခြင်းခံနေရတဲ့ မင်းသမီးချောလေး ယွန်းယွန်းဆိုတာ အားလုံးရဲ့ အသည်းကျော်လေးပါပဲနော်။ သရုပ်ဆောင်ပညာကို ကလေးဘဝကတည်းက အောက်သက်ကျေခဲ့သူလေးဖြစ်တဲ့အတွက်အားလုံးရဲ့ လက်ခုပ်သံတွေကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

ယွန်းယွန်းဟာ အခုချိန်မှာဆိုရင် ငယ်ငယ်ကလို မျက်နှာသေးသေးလေးနဲ့ ကလေးပေါက်စလေးလိုမဟုတ်တော့ပဲ ရှိုက်ဖိုကြီးငယ်အသွယ်သွယ် နဲ့ အမိုက်စား ကောက်ကြောင်းအလှတွေကိုပိုင်ဆိုင်ထားတဲ့ သူလေးတစ်ယောက်ဖြစ် လို့နေပါပြီနော်။ သူမဟာ လူလေးကလည်း ဖြူဖြူစင်စင်လေးနဲ့ အရမ်းပဲချစ်ဖို့ကောင်းသလို ဖြူစင်တဲ့ ပရဟိတနှလုံးသားလေးကိုလည်းပိုင်ဆိုင်ထားပါတယ်နော်။ အခုနောက်ပိုင်းမှာဆိုရင်လည်း သူမရဲ့ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ အလှူအတန်းလေးတွေကို မကြာခဏဆိုသလိုလုပ်ဖြစ်နေတာကိုတွေ့ရပါတယ်နော်။

အခုလည်း သူမဟာ သူမရဲ့ ချွေးနဲစာဝင်ငွေလေးနဲ့ ရန်ကုန်ဆေးရုံကြီးမှာ မွန်မြတ်တဲ့အလှူလေးတစ်ခုကို လုပ်ခဲ့ပါတယ်နော်။ သူမရဲ့ အနုပညာကြေးလေးတွေနဲ့ လူအယောက် (၁၅၀)စာ နေ့လည်စာထမင်းဟင်းတွေက်ု လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်နော်။ ဒီလို စိတ်ထားလှတဲ့အတွက် ကျောင်းစာမှာလည်းထူးချွန်သလို လူလေးကလည်း မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းလေးလည်းပြည့်စုံသူလေးတစ်ယောက်ဖြစ်လို့နေခဲ့ရပါတယ်နော်။ ကဲ... ပရဟိတနှလုံးသားပိုင်ရှင်လေး ယွန်းယွန်းရဲ့ အလှူလေးကို ချစ်ပရိတ်သတ်တွေလည်း ကြည်နူးသာဓုခေါ်လို့ရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Yoon Yoon 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။