အာစီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်မြန်မာအမျိုးသမီးအသင်းကတော့ ဒီနေ့မှာ ဗီယက်နမ်အမျိုးသမီးအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ဒီပွဲမှာတော့မြန်မာအမျိုးသမီးအသင်းဟာဗီယက်နမ်အသင်းကို(ဝ-၄)နဲ့ရှုံးနိမ့်ပြီးအုပ်စုဒုတိယနေရာမှာသာကျေနပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာဒီပွဲစဉ်မကစားခင်ထဲကဆီမီးဖိုင်နယ်ကိုတက်ရောက်ခဲ့ပေမယ့် အုပ်စုဗိုလ်ဖြစ်ဖို့အကောင်းဆုံးကစားခဲ့တာပါ။ပွဲစစချင်းမှာ တင်မြန်မာအသင်းဟာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့်လည်း ပွဲကစားချိန်ကြာလာနဲ့အမျှ ဗီယက်နမ်အသင်းကပို ဖိအားပေးပြီးဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပထမပိုင်းအပြီးမှာတော့ ဗီယက်နမ်အသင်းက မြန်မာအသင်းကို (ဝ-၂)နဲ့ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မြန်မာအသင်းဟာခြေပဂိုးရဖို့ ကြိုးစားသွားခဲပေမယ့် အခွင့်အရေးတွေကိုကောင်းမွန်စွာအသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်အသင်းကလည်း မြန်မာအသင်းကိုပွဲကစားချိန်တော်တော်များများဖိအားပေးကစားခဲ့ပြီး ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ဗီယက်နမ်အသင်းဟာ မြန်မာအသင်းကို (ဝ-၄)နဲ့ပွဲအပြီးမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။