မြန်မာ့လက်မှုပညာတစ်ခုဖြစ်သော ဂျုံရိုးခမောက်ပြုလုပ်သည့် လုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး ငါးဇွန်မြို့ နယ်၊သားကျင်ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိပါတယ်။ ဂျုံရိုးခမောက်ပြုလုပ်ပုံနှင့်ပတ်သက်၍ 'ပထမဆုံး ဂျုံရိုးတွေကို ဂျုံရိုးခွေဖြစ်အောင်ထိုးပြီး ပိုနေတဲ့ အပိုင်း လေးတွေကို ကတ်ကြေးနဲ့ ညှပ်ထုတ်ရတယ်။အဲလိုလုပ်ပြီးတာနဲ့ စက်နဲ့ ကျိတ်ရတယ်။အဲနောက် ဂျုံရိုး ခွေတွေကို လိုချင်တဲ့ ခမောက်ပုံစံဖြစ်အောင် ချုပ်ရတယ် 'ဟု ဂျုံရိုးခမောက်ပြုလုပ်သူ ဒေါ်တင်ရီမှ ရှင်းပြခဲ့ပါတယ်။ 

သားကျင်ကျေးရွာမှ ထိုးပြီးဂျုံရိုးခမောက်များကို ငါးဇွန်၊မြင်းခြံ၊ဗန်းမော်နှင့် မန္တလေးသို့ အများဆုံးတင်ပို့ရ ချရကြောင်းနှင့် တပို့တွဲ၊တပေါင်း၊တန်ခူးနှင့် ကဆုန်လများသည် ရောင်းအားအကောင်းဆုံးလများဖြစ်ကြောင်း ဂျုံရိုးခမောက်ပြုသူများထံမှ သိရပါတယ်။ "ဂျုံစိုက်တောင်သူနည်းလာတော့ ခမောက်လုပ်ဖို့ ကုန်ကြမ်းတွေက ရှားပြီး ဈေးတက်လာတယ်။ အရင်က ဂျုံရိုးစိုက်ခင်း တစ်ဧကကို ၆သောင်း၊၇သောင်း ပေးရတာကနေ အခုဆို ၁သိန်း၊၁သိန်း၂သောင်းထိ ဈေးတွေ တက်လာတယ်။အဲတော့ အမြတ်နည်းတာပေါ့။"လို့ သားကျင်ကျေးရွာတွင် ဂျုံရိုးခမောက်ပြုလုပ်သူ ကိုသန်းစိုးက ပြောပြထားပါတယ်။ 

ဂျုံရိုးခမောက်ကို အများအားဖြင့် ပုံစံ (၇)မျိုးပြုလုပ်ကြပါတယ်။အကြမ်းသေးတစ်လုံးလျှင် ၉၅ဝကျပ်၊ အကြမ်း ကြီးနှင့် ယောင်္ကျားဆောင်း တစ်လုံးလျှင် ၁၁၀ဝကျပ်၊ အနု၅လက်မ တစ်လုံးလျှင် ၁၁၅ဝကျပ်၊ အထူးရှယ် (နာမည်တပ်) ခမောက်တစ်လုံးလျှင် ၁၇၀ဝကျပ်၊ ၁၈၀ဝကျပ်နှင့် အလှဆင်ထားသော ခမောက်တစ်လုံးလျှင် ၁၉၀ဝကျပ်၊၂၀၀ဝကျပ် ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း သားကျင်ကျေးရွာတွင် ခမောက် လုပ်ကိုင်သူများမှ ပြောပြထားပါတယ်။ သားကျင်ကျေးရွာတွင် ဂျုံရိုးခမောက်ပြုလုပ်ကြသည်မှာ အနှစ်၂၀ကျော်ရှိပြီ။ ဂျုံရိုးခမောက်များသည် ဈေးသက်သာပြီး နေရောင်ခြည်အပူဒဏ်ကို ကာကွယ်ပေးသည့်အတွက် သားကျင်ကျေးရွာအနေဖြင့် တစ်နှစ် လျှင် ခန့်မှန်းခြေ ခမောက်အလုံးပေါင်း ၇သောင်းကျော် ရောင်းရကြောင်းနှင့် ဂျုံရိုးခမောက်လုပ်ငန်းကို ပြည်ပမှ လာရောက်လေ့လာသူများ မရှိသေးကြောင်း ၎င်းတို့မှ ဆက်လက်ပြောပြကြောင်း သိရပါတယ်။

source - the Mirror Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။