Monsterဆိုတာ တကယ်ရှိလား? ဆိုတဲ့မေးခွန်းကတော့ တကယ်ဖြေရတာမလွယ်ပါဘူးနော်။ ကလေးတွေကို ခြောက်လန့်ဖို့အတွက် Monsterတွေဆိုတာ ထွက်ပေါ်လာရတာပါလို့ လူအချို့ကပြောကြပါတယ်။ ပြီးတော့ Monsterကို အနောက်နိုင်ငံတွေဘက်ကနေ လူသိများလာတာပဲဖြစ်ပြီးတော့ ဒီဘက်ခေတ်မှာတော့ ကာတွန်းဇာတ်ကားတွေထဲမှာတော့ Monsterတွေကို ချစ်ဖို့ကောင်းတဲ့အသွင်အပြင်တွေနဲ့တောင်တွေ့နေနိုင်ပါပြီနော်။ ဆိုတော့... တကယ့် Monsterတစ်ကောင်က ဘယ်လိုပုံစုံမျိုးလဲ???

တကယ်တော့ မွန်းစတားဆိုတာ ဒဏ္ဍာရီအတိုင်းဆိုရရင် ဘီလူးတစ်မျိုးပါပဲ။ Giant ဆိုတဲ့ လူ့ဘီလူးကြီးတွေလိုတော့မဟုတ်ဘဲ သူတို့ဟာ လူဝံတွေလိုမျိုး အမွှေးအမျှင်ထူလွန်းလှပါတယ်။ နီးနီးစပ်စပ်ပြောရရင် နှင်းလူ(snow man)တွေနဲ့အတော်ဆင်ပါတယ်။ အချို့ကလည်း မွန်းစတားတွေဟာ ဉာဏ်အရမ်းကောင်းပြီး စွမ်းအားလည်းရှိတယ်လို့ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုပြောပြမယ့်အဖြစ်အပျက်ကတော့ အံ့အားသင့်ဖို့အတော်လေးကောင်းသလို့ ထိတ်လန့်ဖို့လည်းကောင်းပါတယ်နော်။ အဲ့ဒီအဖြစ်အပျက်ကတော့ အမေရိကန်နိုင်ငံက မွေးမြူရေးခြံတစ်ခုမှာဖြစ်ခဲ့တာပါ။

တစ်ခုသောနံနက်ခင်းမှာ မြင်းမွေးထားတဲ့ခြံတစ်ခြံထဲမှာ ဝရုန်းသုန်းကားတွေဖြစ်လို့နေခဲ့ပါတယ်။ မြင်းခြံထဲကမြင်းတစ်ကောင်ဟာ သွေးအိုင်ထဲမှာလဲနေပြီးတော့ မြေပြင်ရဲ့တစ်နေရာမှာတော့ ကြီးမားလှတဲ့ Monster ခေါင်းပြတ်ကြီးတစ်ခုကို မျက်လုံးပြူးပြူးကြီးနဲ့ တွေ့ခဲ့ကြရပါတယ်။ မျက်လုံးတစ်လုံးကတော့ ဖြူဖွေးနေပေမယ့် တစ်လုံးကတော့ ကြောက်ခမန်းလိလိသွေးရောင်လွှမ်းလို့နေခဲ့တဲ့အတွက် လေ့လာသူတွေတောင် မြင်မြင်ချင်းshockရခဲ့တယ်လို့ဆိုပါတယ်။ ခေါင်းကတော့ ကုလားအုတ်ခေါင်းလိုလို နွားတစ်ကောင်ရဲ့ခေါင်းလိုလို ဆင်တူနေခဲ့ပါတယ်နော်။ ဒါပေမယ့် ပုံမှန်ထက် လေး ငါး ဆလောက်ကြီးနေတဲ့ ဧရာမခေါင်းကြီးကြောင့် ကျွမ်းကျင်သူတွေ အဖြေတစ်လုံးမှမပေးနိုင်ဘဲပြန်ထွက်သွားခဲ့ကြပါတယ်။ ပြီးတော့ ဒီကိစ္စကိုလည်း လျှို့ဝှက်ဖို့လုပ်ခဲ့ပေမယ့် တရုတ်နိုင်ငံလိုနေရာမျိုးထိတောင်သတင်းက တော်မီးလို ပျံ့နှံ့သွားခဲ့ပြီး မီဒီယာတွေဆီရောက်သွားခဲ့ရပါတယ်နော်။ ကဲ... ဆိုတော့ မွန်းစတားဆိုတာ တကယ်ပဲရှိတာလား? ပြီးတော့ ဒီလောက်ကြီးတဲ့ မွန်းစတားတစ်ကောင်ကိုကော ဘယ်လို လူမျိုးက ခေါင်းဖြတ်ပြီး လည်ကွင်းထဲလာပစ်သလဲ?စသဖြင့်မေးခွန်းတွေနဲ့ ပြည့်နှက်နေခဲ့ရတဲ့ ထူးခြားဖြစ်စဉ်လေးကို ဗဟုသုတဖြစ်ဖွယ်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ပရိတ်သတ်တို့လည်း အဖြေထုတ်ကြည့်လိုက်ကြပါအုန်းနော်...

Source : read01

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။