ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ တေးသီချင်းကောင်းတွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ အဆိုတော် အေသင်ချိုဆွေကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားသူပါနော်..။

အေသင်ရဲ့ ချစ်သမီးလေး အိုင်ဗီကတော့ တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလွန်းတဲ့ ဟန်ပန်လေးတွေနဲ့ အရွယ်နဲ့ မလိုက်အောင် လည်လွန်းတတ်လွန်းပြီး ပါးဖောင်းဖောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော်လေးပဲ ဖြစ်ပါတယ်နော်..။


ချစ်စရာဟန်ပန်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ အိုင်ဗီလေးကတော့ အခုတစ်ခါမှာလည်း ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ကစားခဲ့တဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ထပ်မံအချစ်ပိုအောင် လုပ်လိုက်ပြန်ပါတယ်နော်..။

ကျောင်းမှာ သူငယ်ချင်းတွေနဲ့အတူ ဆေးကုပေးတိုင်း ကစားနေပြီး ဒေါက်တာမလေးအဖြစ် သူငယ်ချင်းလေးကို ဆေးကုပေးနေတဲ့ အိုင်ဗီလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေေးတွကတော့ မြင်သူတိုင်းကို အသည်းယား သဘောကျစေပါတယ်နော်..။


သူငယ်ချင်းလေးတွေနဲ့ ဆေးကုပေးတမ်းကစားရင်း နှုတ်ခမ်းထော်ထော် ထော်ထော်လေးနဲ့ ချစ်ဖို့ကောင်းနေပုံလေးတွေကတော့ တကယ်ကို အသည်းယားစရာကောင်းနေတာမို့ အားလုံးကလည်း သဘောကျနေကြတာပါနော်..။

ဒီကနေလေးမှာတော့ ပရိသတ်တွေရဲ့ အသည်းကျော် အချစ်ောတ်လေး အိုင်ဗီရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အိုင်ဗီ၊ We Love Ivy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။