သားသမီးတိုင်းဟာ သူတို့ရဲ့ မိဘတွေဆိကနေ အမူအကျင့်ပုံစံ စတာတွေကို အမွေဆက်ခံကြပါတယ်။ တစ်ခါတစ်လေ သားသမီးတွေက သူတို့မိဘတွေရဲ့ ခြေရာအတိုင်း တစ်ထပ်ထဲကျနေတာကို တွေ့ရှိတက်ရပါတယ်။ နာမည်ကျော်အနုပညာရှင်တွေရဲ့ သားသမီးတွေလဲ အဲ့လိုပါပဲ။ ခုဆိုရင်တော့ နာမည်ကျော်အနုပညာရှင်အဖေတွေရဲ့ နေရာကိုဆက်ခံတဲ့ သမီးတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။  

Johnny Depp and Lily-Rose Melody Depp

သူမကိုကြည့်ရတာ Johnny Depp နဲ့ လုံးဝတူပါတယ်။ ယောကျ်ားလေးဖြစ်မဲ့ဆိုရင်တောင် ခုဖြစ်နေတဲ့ ပုံနဲ့မကွာခြားလောက်ပါဘူး။ သူမဟာ French American မင်းသမီးနဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

Arnold Schwarzenegger and Katherine Eunice Schwarzenegger

Arnold ရဲ့အကြီးဆုံးသမီးက သရုပ်ဆောင်တစ်ယောက်အပြင် အမေရိကန် စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သူမရဲ့စာအုပ်နဲ့ နာမည်ကြီးခဲ့တာဖြစ်ပါတယ်။  

Jean-Claude Van Damme and Bianca Brigitte Van Damme

သူမဟာဆိုရင်တော့ အဖေခြေရာကို လုံးဝလိုက်နင်းသူတစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက သူ့အဖေရဲ့ကားတွေကြည့်ပြီး ကြီးလာတာမို့ ခုချိန်မှာ အဖေလိုပဲ ကိုယ်ခံပညာတက်ကျွမ်းနေပြီဖြစ်ပါတယ်။

Sylvester Stallone and his daughters

Sophia, Sistine နဲ့ Scarlet တို့ဟာဆိုရင်တော့ Stallone ရဲ့ သမီးတွေပဲဖြစ်ကာ အဖေ့လိုပဲ ဆွဲဆောင်မှုရှိပါတယ်။ သူတို့ကို ရုပ်ရှင်ထဲမှာ မြင်ချင်ပေမဲ့လဲ လောလောဆယ်မှာတော့ မော်ဒယ်လောကမှာပဲရှိနေပါတယ်။

Bruce Willis and Tallulah Belle Willis

အဖေရော သမီးရောဟာ သရုပ်ဆောင်တွေပဲဖြစ်ကြပါတယ်။ သူမလဲပဲ အဖေတူသမီးတစ်ယောက်ဖြစ်ပါတယ်။ 

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။