အုန်းရည်ကတော့ ပရိသတ်ကြီးရဲ့ ရေငတ်နေမှုပြဿနာကို ဖြေရှင်းပေးနိုင်ရုံသာမက၊ ကျန်းမာရေးနဲ့ပတ်သက်သော ကောင်းကျိုးများစွာလည်းရှိပါသေးတယ်....။ဒီတစ်ပါတတ် ဒီအကြောင်းကို စာဖတ်ပရိသတ်ကြီးအတွက်တင်ဆက်ပေးမှာဖြစ်ပါတယ်...။ အုန်းရည်မှာပါဝင်တဲ့ ကယ်လိုရီပါဝင်မှုက အလွန်ကနည်းပါးပါတယ်...။ အခြား ဖျော်ရည်တွေနဲ့ မတူတဲ့ အချက်တစ်ချက်လည်းဖြစ်ပါတယ်...။ ဖန်ခွက်တစ်ခွက်စာမှာ "၄၅" ကယ်လိုရီနှုန်းလောက် ပါဝင်တာပဲဖြစ်ပါတယ်....။

ဒါကြောင့်မလို့ soda ပါတဲ့အချိုရည်တွေ၊ အခြား "sugary drinks" တွေကို သောက်မဲ့အစား အုန်းရေကို အစားထိုးသောက်သုံးခြင်းဖြင့် စာဖတ်ပရိသတ်ကြီးရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပြီးသားဖြစ်မှာပါ...။ အုန်းရည်ကို သုတေသနပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်အရ အိုမင်းရင့်ရော်မှုတွေကို အားပေးတဲ့ အရာတွေကို ပြန်လည်ကုသပေးတာဖြစ်ပါတယ်...။ "blood sugar levels" ထိန်းညှိပေးမှုကိုလည်း အုန်းရည်က များစွာအကျိုးပြုတာဖြစ်ပါတယ်...။

အုန်းရည်က ကယ်လစီယမ်ဓာတ် ကြွယ်ဝတာမလို့ အရိုးအဆစ်တို့အတွက်လည်း အထောက်အကူပေးတာဖြစ်ပါတယ်...။ "Medical News Today" မှာ အုန်းရည်ရဲ့ အကျိုးကျေးဇူးတွေကို သတင်းတစ်ရပ်အနေနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်...။ အသက်ရွယ်အိုမင်းမှုကို ကာကွယ်ပေးပြီး အရိုးအဆစ်တွေကို ခိုင်မာစေတဲ့ အုန်းရည်ကို အလေးပေးသောက်သုံးရမှာပါနော်...။ Myanmarload ပရိသတ်ကြီးအတွက် ကျန်းမာရေးဗဟုသုတရဖွယ် တင်ဆက်ပေးလိုက်ပါတယ်နော်...။ 

Source Medical News Today 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။