ချီချီလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ရတဲ့ နေခြည်ဦးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ဇာတ်လမ်းတွဲ အများဆုံးရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိဘဲ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်တဲ့ နေခြည်ဦးက သူမတူတဲ့အလှတရားတွေနဲ့ စွဲမက်ချင်စရာကောင်းသူလေး ဖြစ်ပါတယ်။ အလှအပရေးရာနဲ့ပတ်သက်ရင် အမျိုးသမီးတွေအတွက် အမြဲဝေမျှပေးလေ့ရှိတဲ့ ချီချီကိုတော့ မိန်းကလေးပရိသတ်တွေက အထူးဝန်းရံကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ချီချီက ''အိပ်မက်တွေမိုးထားတဲ့အိမ်'' ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ ပါဝင်ရိုက်ကူးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေခြည်က ''Rexona Myanmar''အတွက်ကြော်ငြာအသစ်လေးတစ်ခု ရိုက်ကူးပေးနေတာ တွေ့ရပါတယ်။ နေခြည်က ''Rexona Myanmar'' ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။

ချီချီက ကြော်ငြာရိုက်ကွင်းပေါ်က လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေအတွက် သူမရဲ့ My Story မှာတင်ပေးထားတာ တွေ့ရပါတယ်။ ပန်းနုရောင်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ ချီချီက အသည်းယားစရာကောင်းတဲ့အမူအရာလေးတွေနဲ့ သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နေခြည်ဦးရဲ့ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Chi Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။