ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းမှာ ထင်ရှားလှတဲ့ ပွဲတော်တွေ အများအပြားရှိပြီး ၎င်းပွဲတော်တွေထဲမှာမျ ထူးခြားဆန်းပြားလှတဲ့ ပွဲတော်တွေ လည်း ရှိပါတယ်။

ထူးခြားတဲ့ ပွဲတော်တွေ ထဲမှာမှ ယခုတစ်ခေါက်မှာဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံရဲ့ ထင်ရှားလှတဲ့ ပွဲတော် တစ်ခု ဖြစ်တဲ့ ရွှံ့ ပွဲတော်အကြောင်းကို ပရိသတ်ကြီး အတွက် ဖော် ပြပေးချင်ပါတယ်။

၎င်း ရွှံ့ပွဲတော်ကိုတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဆိုးလ်မြု့ိနဲ့ ၂၀၀ကီလိုမီတာဝေးကွာတဲ့ ဘော်ယောင်ဆိုတဲ့ မြို့ လေးမှာ ကျင်းပတာလည်း ဖြစ်ပါတယ်။

ထို ရွှံ့ပွဲတော်မှာ အသုံးပြုထားတဲ့ ရွှံ့တွေဟာဆိုရင် အလှကုန်ပစ္စည်းတွေမှာ အသုံးပြုနေတဲ့ ဓာတ်တွေပါဝင်နေတာကြောင့် လူ့အသားရေကို ထိခိုက်စေတာမျိုးတွေ လည်း မရှိပါဘူး။

ဒါ့အပြင် ၎င်း ရွှံ့ပွဲတော်မှာဆိုရင် ရွှံ့တွေနဲ့ တည်ဆောက်ပေးထားတဲ့ ရေကန် တွေလည်း ပါဝင်ပြီး အမျိုးသားနဲ့ အမျိုးသမီးလေးတွေ ချစ်ချစ်ခင်ခင် ဆော့ကစားကြတဲ့ ပွဲတော်လေးတစ်ခုပဲဖြစ်ပါတယ်။

ဒီပွဲတော်လေးဟာ ကျား ၊ မ မခွဲဘဲ အကုန်လုံးအတူတူချစ်ခင်ရင်းနှီးစွာ ပါဝင်ဆင်နွှဲကြတဲ့ ပွဲတော်လေးတစ်ခုဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကိုပါ ဆွဲဆောင်နိုင်တဲ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။

ယခုမြင်တွေ့နေရတဲ့ ပုံရိပ်လေးတွေထဲမှာဆိုရင်လည်း အရမ်းကိုပျော်ရွှင်နေတဲ့ မိန်းမပျိုလေးတွေ ၊ ကမ္ဘာလှည့်ခရီးသည်တွေကို တွေ့မြင်နေရသလို သူတို့ရဲ့မျက်နှာက အပြုံးလေးတွေကလည်း တကယ့်ကို အသက်ပါလှပါတယ်။

ပရိသတ်တွေရော တောင်ကိုရီးယားနိုင်ငံ ရွှံ့ပွဲတော်က ပုံရိပ်လေးတွေကြည့်ပြီး အရမ်းသွားချင်နေကြပြီမလား။

Source : Trazee Travel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။