ဝက်ခြံဆိုသည်မှာ မျက်နှာ၊ လည်ပင်း၊ ပုခုံး၊ ရင်ဘတ်နှင့် ရံဖန်ရံခါ ကျောဘက်တွင်ပါ ပေါက်တတ်သည့် အရေပြားမူမမှန်မှုတစ်မျိုး ဖြစ်ပါတယ်...။ထိုမူမမှန်မှုကြောင့် အထူးသဖြင့် မျက်နှာတွင် အနီဖုလေးများပေါက်လာတတ်ပါတယ်...။ ယေဘုယျအားဖြင့် အထက်ဖော်ပြပါ ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင်လည်း ပေါက်တတ်ပါတယ်...။ ထိုအနီဖု၏ ဝန်းကျင်တွင် နီရဲရောင်ကိုင်းလာတတ်ပါတယ်...။ ဝက်ခြံကို ညှစ်ခြင်း၊ ပိုးဝင်ခြင်းများ ရှိပါက အမာရွတ်များ ရုပ်ဆိုးစွာ ကျန်ခဲ့တတ်ပါတယ်...။

ပျိုဖော်ဝင်စပြုလာချိန်တွင် လူပျို၊ အပျိုပေါက်စတို့သည် ဝက်ခြံပြဿနာနှင့် ရင်ဆိုင်ရတတ်ပါတယ်...။ ပျိုဖော်ဝင်ခြင်းနှင့် ဝက်ခြံသည် အဆက်အစပ်ရှိသော်လည်း အကြောင်းရင်းအတိအကျကို မပြောနိုင်ဖူးနော်...။ ထိုအသက်အရွယ်အပိုင်းအခြားတွင် ဖြစ်ပေါ်တတ်သော ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့် ဖြစ်တတ်သည်ဟု ယူဆကြရမှာပါ....။ ဝက်ခြံကို ဖြေရှင်းနိုင်သည့်နည်းလမ်းမှန်များကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။ အပူပေးတဲ့ ကိရိယာတွေ၊ ရေပူစိမ်ထားတဲ့အဝတ်စတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်...။ အပူဓာတ်ဟာ ဝက်ခြံတွေကို ပိုပြီးရဲစေပြီး ပိုပြီးထွက်လာစေပါတယ်နော်...။ ဒါကြောင့်မလို့ ရေခဲအေးအေးစိမ်ထားတဲ့ အဝတ်စနဲ့ ကပ်ပေး၊ အုပ်ပေးခြင်းတို့ကို ပြုလုပ်ရမှာဖြစ်ပါတယ်...။

ဝက်ခြံတွေကို တတ်နိုင်သမျှ ညှစ်တာတွေ၊ ကုတ်တာတွေ မလုပ်ပါနဲ့နော်...။ မနေနိုင်လို့ ညှစ်မယ်ဆိုရင်လည်း ဝက်ခြံထဲမှာရှိတဲ့အဖြူအဆံလေးကို ထွက်အောင် ညှစ်ပြီးရပ်ထားရမှာဖြစ်ပါတယ်...။ အတင်းဆက်ညှစ်မယ်ဆိုရင် လက်သည်းကနေပိုးဝင်တာတွေ၊ သွေးထွက်တာတွေကြောင့် အမာရွတ်တွေ ချိုင့်ခွက်တွေ ကျန်ခဲ့တာမျိုးဖြစ်နိုင်ပါတယ်...။ အဓိကပြောင်းလဲရမှာတော့ နေရာထိုင်ခင်းနဲ့ နေထိုင်မှုပုံစံပြောင်းလဲရမှာဖြစ်ပါတယ် ..။ တစ်ခါတစ်ရံမှာ ဝက်ခြံထွက်တာ ဟော်မုန်းတွေကြောင့်ဖြစ်တတ်သလို အိပ်ရေးပျက်တာ၊စိတ်ဖိစီးတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်..။ အိပ်ရာခင်းညစ်ပတ်ရင်လည်း ဝက်ခြံထွက်စေတာမလို့ အတတ်နိုင်ဆုံး သန့်ရှင်းအောင်ထားရမှာဖြစ်ပါတယ်...။

Source ဝီကီပီးဒီးယား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။