အမေရိကန်ပြည်ထောင်စု့ သုတေသနပညာရှင်တွေကတော့ လူတွေနေ့စဉ်အသုံးပြုနေတဲ့ရေသန့်ဗူးတွေထဲမှာ ပလတ်စတစ်အမှုန်တွေပါဝင်နေတာတွေ့ရှိခဲ့ပါတယ်။ တလီတာကိုပျမ်းမျှ ပလတ်စတစ်အမှုန့် ၁၀ခုလောက်ပါဝင်နေပြီး အမှုန့်တွေရဲ့ထုထည်က လူ့ဆံပင်တွေထက်ပိုကြီးတယ်လို့သိရပါတယ်။

အင်ဒိုနီးရှား ၊ဘရာဇီး ၊ တရုတ်၊ ဂျာမနီ၊ အိန္ဒိယ ၊ မက္ကဆီကို အပါအဝင် နိုင်ငံ၉ နိင်ငံမှာရောင်းချနေတဲ့ ရေသန့်တွေသာမက နိုင်ငံတကာမှာရောင်းချနေတဲ့ နာမည်ကြီးတံဆိပ်အမျိုးမျိုးနဲ့ထုတ်လုပ်ထားတဲ့ရေသန့် ဗူး ၂၅၀ ကိုစစ်ဆေးကာသုတေသနပြုလုပ်ပြီးမှ အဆိုပါသတင်းကိုထုတ်ပြန်ကြေညာခဲ့တာလဲဖြစ်ပါတယ်။စစ်ဆေးခံခဲ့ရတဲ့ ရေသန့်ကုမ္ပဏီတွေကတော့ မိမိတို့ထုတ်လုပ်ဖြန့်ချီတဲ့ရေသန့်ဗူးတွေဟာ အမြင့်ဆုံးစံချိန်နဲ့ထုတ်လုပ်ထားတာဖြစ်တယ်လို့ပြောကြားခဲ့ပေမယ့် စစ်ဆေးလိုက်တဲ့အခါမှာတေ့ာ ပလတ်စတစ်တွေပါဝင်နေတာကိုတွေ့ရှိခဲ့ရပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေကိုတော့ Ferdonia မှာရှိတဲ့ State University of New Yourk မှာလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ဆေးရာမှာပါဝင်ခဲ့တဲ့ ဓာတုဗေဒ ပါမောက္ခ Sherri Mason ကတော့ ပလတ်စတစ်ပါဝင်မှုတွေဟာ လူသားတွေအတွက်စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ပရိတ်သတ်တွေသိရှိစေနိုင်ဖို့အတွက်လည်း ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ 

REF - GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။