ပြည်တွင်း တက်သစ်စမျိုးဆက်သစ်မွေးထုတ်မှုမှာတော့ မြန်မာ့ဘောလုံးလောက ကတော့ အများဆုံးပဲဖြစ်ပါတယ်။ မျိုးဆက်သစ်ပေါင်းများစွာကို မွေးထုတ်ပေးလျှက်ရှိပြီး တိုင်းနဲ့ပြည်အနှံ့အပြားမှာလည်း ပြိုင်ပွဲပေါင်းများစွာကို ကျင်းပပေးလျှက်ရှိပါတယ်။ မကြာသေးမီကလည်း ပြည်နယ်ဝန်ကြီးချုပ်ဖလား ၁၇ နှစ်အောက် အမျိုးသားပြိုင်ပွဲတစ်ခုကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲတွင်မံစီမြို့နယ် ဘောလုံးအသင်းက တတိဆုရရှိခဲ့ကြောင်း သိရပါတယ်။  

မံစီမြို့ မြို့တော်ခန်းမ၌ ဒီကနေ့နံနက် ၁၁ နာရီက ၂၀၁၉ ခုနှစ် ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် (တတိယ)ဆုရရှိခဲ့သည့် မံစီမြို့နယ်ဘောလုံး အသင်းကို ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ မြို့နယ်အားကစားနှင့်ကာယကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီးနောက် မြို့နယ် အားကစားမှူး ဦးစိုးဝင်းသန်းက ပြိုင်ပွဲတွင်ရရှိခဲ့သည့် ဒိုင်းဆုကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပြီးနောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းက အားကစားသမားများကို ဂုဏ်ပြုမှတ်တမ်းနှင့် ငွေသားဆုကိုပေးအပ်ခဲ့ပါတယ်။ 

ဘောလုံးပြိုင်ပွဲအတွက် ပံ့ပိုးကူညီခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပြီးနောက် မြို့နယ်ဘောလုံးအဖွဲ့ချုပ် ကိုယ်စား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကွမ်ဆန့်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါတယ်။ ဒါအပြင် ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၂ ရက်နေ့ကစတင်၍ ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမြို့၌ ကျင်းပခဲ့ပြီး အသင်း ၁ဝ သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြစ်ကြီးနားမြို့နယ်ကိုယ်စားပြုအသင်းက ပထမ၊ မိုးညှင်းမြို့နယ်ကိုယ်စားပြုအသင်းက ဒုတိယ၊ မံစီမြို့နယ်ကိုယ်စားပြု အသင်းနှင့် မိုးကောင်းမြို့နယ်ကိုယ်စားပြု အသင်းတို့က ပူးတွဲတတိယ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။