မအေးသောင်းလို့ အများကသိကြတဲ့ မင်းသမီး အေးဝတ်ရည်သောင်းဟာဆိုရင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး အနုပညာအလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်နေတာဖြစ်ပါတယ်...။ သူမက မြန်မာဝတ်စုံလေးတွေနဲ့ မဟာဆန်စွာလှပနေပြီး အမြတ်တနိုးဝတ်ဆင်လေ့ရှိတာဖြစ်ပါတယ် ..။ သူမရဲ့ အပြုံးချိုလေးတွေကြောင့် အပျိုကြီးမအေးသောင်းဆိုပြီး အားလုံးက ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်....။ သူမက လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်...။

မအေးသောင်းဟာဆိုရင် ဘုရား၊တရား ကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောလုပ်ကိုင်သူလေးတစ်ယောက်ဖြစ်ပါတယ်...။ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုလည်း လက်ခံရိုက်ကူးလျက်ရှိပြီး သဘာဝကျကျ သရုပ်ဆောင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရှုစားခဲ့ကြရမှာပါ...။ မအေးသောင်းဟာဆိုရင် အေးချမ်းစွာ ဘဝကြီးကို တစ်ယောက်ထဲဖြတ်သန်း နေတာပါ...။ အပန်းဖြေခရီးတွေလည်းထွက်လေ့ရှိပြီး ဓာတ်ပုံအလှလေးတွေကိုလည်း ရိုက်ကူးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်...။

မအေးသောင်းက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲ ဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "There is never a wrong time for a polka dot" ဆိုတဲ့ status လေးနဲ့အတူ မြန်မာဝတ်စုံလေးနဲ့ အလှပုံရိပ်တွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်...။

Source Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။