အာဆင်​နယ်​ရဲ့ ပြင်​သစ်​​နောက်​ခံလူ ကိုစီရယ်​နီဟာ ဒူးဒဏ်​ရာရှိ​နေ​ပေမယ်​့ စပါးနှင်​့ ကစားမည်​့ လန်​ဒန်​ဒါဘီပွဲမတိုင်​ခင်​ ​လေ့ကျင်​့ခန်​့ဆင်​း​နေနိုင်​ခြင်​း​ကြောင်​့ ၎င်းအ​နေဖြင်​့ အဆိုပါပွဲ၌ ပါဝင်​လာနိုင်​ဖွယ်​ ရှိ​နေပါတယ်​။

ကိုစီရယ်​နီဟာ လက်​စတာအား အနိုင်​ရခဲ့သည်​့ ပွဲ၌ ဒူးဒဏ်​ရာ ရရှိခဲ့သူဖြစ်​ပြီး စပါးနှင်​့ပွဲ၌ ပါဝင်​ကစားနိုင်​ဖို့ သံသယဖြစ်​ဖွယ်​ ရှိ​နေသူဖြစ်​ပါတယ်​။ အာဆင်​နယ် ​ရဲ့ အခြား​နောက်​ခံလူ မူစတာဖီဟာလည်​း ဒဏ်​ရာ​ကြောင်​့ ဆက်​လက်​အနားယူ​နေရခြင်​း​ကြောင်​့ ကိုစီရယ်​နီ ပြန်​လာနိုင်​ခြင်​းဟာ အာဆင်​နယ်​အတွက်​ သတင်​း​ကောင်​းဖြစ်​လာပါတယ်​။

အဆင်​နယ်​အသင်​းဟာ လက်​ရှိ PL ၌ အဆင်​့​ခြောက်​၌ ရပ်​တည်​​နေပြီး အဆင်​့​လေးမှ စီးတီးနှင်​့ ငါးမှတ်​ပြတ်​​နေခြင်​း​ကြောင်​့ ယခုနှစ်​ ချန်​ပီယံလိဂ်​ဝင်​ခွင်​့ရဖို့ ဝိုက်​ဟန်​လိမ်​း၌ စပါးအား အနိုင်​ကစားဖို့ အ​ရေးကြီး​နေပါတယ်​။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။