ပရိသတ်ကြီးရေ ဇာတ်ကားတစ်ကားမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တွေကလည်း ဇာတ်ကားတစ်ကားရဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်နော်။အခုနောက်ပိုင်းမှာ ပရိသတ်တွေကလည်း ဇာတ်ပို့သရုပ်ဆောင်တွေကို အရမ်းအားပေးလာကြပြီး သူတို့ရဲ့ဘဝဖြတ်သန်းပုံလေးတွေကို စာနာထောက်ထားပြီး ချစ်ခင်လာကြတာဖြစ်ပါတယ်။ပရိသတ်တွေကို ဟာသဇာတ်ရုပ်လေးတွေနဲ့အမောပြေစေတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြူကြူသင်းကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပါတယ်နော်။

ကြူကြူသင်းက ဇာတ်ကားတိုင်းရဲ့ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်ပြီး ဟာသတော်ကီလေးတွေအပြင် သူမရဲ့အားသာချက်တစ်ခုဖြစ်တဲ့ ဖွံ့ဖွံ့ထွားထွားခန္ဓာကိုယ်ကလည်း ပရိသတ်တွေကြားမှာအရမ်းရေပန်းစားပါတယ်နော်။ကြူကြူသင်းတို့ ဇာတ်ပို့သရုပ်ဆောင်တွေက ယခုချိန်မှာအနုပညာအလုပ်တွေနည်းနည်းပါးနေတာကြောင့် အသေးစားကိုယ်ပိုင်စီးပွားရေးလေးကိုလုပ်ဆောင်ပြီး ရိုးသားကြိုးစားနေတာဖြစ်ပါတယ်။လူတစ်ချို့ရဲ့မသိနားမလည်တဲ့ပြောစကားလေးတွေကို ဇာတ်ပို့သရုပ်ဆောင်ကြူကြူသင်းက အခုလိုပဲရှင်းပြထားပါတယ်နော်။

"လူတွေရဲ့အပြောတချို့ကိုရှင်းပြချင်တယ် အနုပညာသမားတွေကားမရိုက်ရတဲ့အချိန် ဈေးဘဲရောင်းနေကြတယ်အသနားခံချင်လို့လို့ထင်ကြတယ် တခြားအလုပ်မလုပ်တတ်ကြဘူးလားတဲ့ ဒီအသက်ရွယ်တွေမှာဘယ်ကုမ္ပဏီကအလုပ်ပေးမလဲဘယ်အစိုးရကဝန်ထမ်းလာလျှောက်ခွင့်ပေးမလဲ ကိုယ့်ဝမ်းစာကိုယ်သာသိဆိုသလိုကောင်းရောင်းကောင်းဝယ်လေးလုပ်စားတာပါ အသနားခံပြီးရောင်းစားတာမဟုတ်ပါဘူး မီဒီယာတွေကတဖက်တလမ်းကူပြီးတင်ပြပေးကြတာပါအမြင်တွေမစောင်းကြပါနဲ့တောင်းပန်ပါတယ်"ဆိုပြီးရေးသားထားကာ သူမရဲ့ကော်ရည်ခေါက်ဆွဲနဲ့နေကြာစိကို အားပေးလိုက်ကြပါဦးနော်။

Source:Kyu Kyu Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။