လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ အချုပ်ခန်းပုံစံ တည်းခိုခန်းလေးဟာ လူစိတ်ဝင်စားမှု မြင့်တက်နေတာတွေ့ရပါတယ်။

ဒါ့အပြင် ၎င်းတည်းခိုးခန်းလေးဟာ တညတည်းခိုမှ ၁ဒေါ်လာသာပေးချေရမှာ ဖြစ်တာကြောင့် လူတော်တော်များများက စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီတည်းခိုခန်းလေးမှာ အနားယူမယ်ဆိုရင်တော့ တည်းခိုခန်းအတွက် လိုက်နာရမယ့် စည်းကမ်းတွေလည်း ရှိပါသေးတယ်။ စည်းကမ်းတွေကို မလိုက်နာရင်တော့ တည်းခိုခွင့်ရှိမှာမဟုတ်ဘူး။

ဒီတည်းခိုခန်းလေးကို ဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သူကတော့ တရုတ်ပညာရှင် Miao Jiaxin ဟာ ထူးခြား တဲ့ စိတ်ကူးနဲ့ ဒီအစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပီး တည်းခိုရမယ့် အခန်းကို အချုပ်ခန်းပုံစံအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ တည်းခိုခန်းရဲ့ စည်းကမ်းချက်တွေကတော့ သံတိုင်တွေကြား ထဲမှာ နေထိုင်သွားရမှာဖြစ်တ ဲ့အပြင် ခြောက်ခြားစရာ ဖြစ်အောင် ပြုလုပ်ထားပါတယ်။ မတည်းမီ သုံးနာရီ အတောအတွင်း စိတ်ဓာတ် ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အချုပ်ခန်းပုံစံ အခန်းအတွင်း တစ်ယောက်တည်း ထိုင်နေရမှာဖြစ်ကာထိုအတောအတွင်း စကား ပြောခြင်း၊ စာဖတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်စက်ခြင်းစတဲ့ ဘာအပြုအမူကိုမှ ပြုလုပ်လို့ ရမှာမဟုတ်ပါဘူး။

အဲ့ဒီလို သုံးနာရီသုံးသုံး အောင်မြင်စွာ နေထိုင်ပြီးနောက်မှာမှ အချုပ်ပုံစံတည်းခိုခန်းအတွင်းမှာ တည်းခိုခွင့်ရရှိမှာပဲဖြစ်ပါတယ်။ဒါ့အပြင် အိပ်ယာပစ္စည်းတွေကိုလည်း အသစ်စက်စက် အသုံးပြုခွင့်ပေးသွား မှာဖြစ် ပါတယ်။ဒီတည်းခိုခန်းလေးကို ဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြစ်မှု မကျူးလွန်တဲ့သူတွေလည်း အချုပ်ခန်းထဲမှာ နေထိုင်ဖူးအောင် ပြုလုပ်ရခြင်း ဖြစ်တယ်လို့ Miao Jiaxin က ဖွင့်ဟခဲ့ပါတယ်။ လာမယ့် သြဂုတ်လ (၁) ရက်နေ့မှာ စတင် တည်းခိုနေထိုင်နိုင်ပြီလို့ Miao Jiaxin က သူ့ရဲ့ Facebook ကနေ သတင်းစကား ပြောကြားထားပါတယ်။

Source - Stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။