Sari Rezita Ariyanti လို့အမည်ရတဲ့ကောင်မလေးဟာ အသက်၂၆ နှစ်အရွယ်ရှိနေပေမယ့်လဲ ၂နှစ်အရွယ်ကလေးတစ်ယောက်သာသာ ဉာဏ်ရည်ပဲရှိပြီးတော့ စကားလဲကောင်းမွန်စွာမပြောနိုင်ဘဲ လမ်းလဲမလျှောက်နိုင်ဘူးလို့ဆိုပါတယ်။

Sari ဟာ အသက်၂နှစ်မတိုင်ခင် သာမန်မိန်းကလေးတစ်ယောက်လို့သာ သူမရဲ့မိဘတွေကထင်ခဲ့ကြပြီး ဒါပေမယ့် ၂နှစ်အရွယ်နောက်ပိုင်းမှာတော့ သူမရဲ့ကြီးထွားမှု၊ ဉာဏ်ရည်အလုံးစုံဟာ ရပ်တန့်သွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့မိဘတွေဟာ Sari လေးကိုမစွန့်ပစ်ခဲ့ပါဘူး။ Sari အသက်၂၆နှစ်အရွယ်ရောက်တဲ့အချိန်ထိ ၂နှစ်သမီးလေးတစ်ယောက်လို ပြုစုစောင့်ရှောက်နေဆဲဖြစ်ပါတယ်။

Sari ဟာ စကားကောင်းမွန်စွာမပြောနိုင်ဘဲ လက်ဟန်ခြေဟန်နဲ့သာ ဆက်သွယ်ရတဲ့ဆိုပေမယ့် တောက်ပတဲ့အပြုံးပိုင်ရှင်လေးဖြစ်ပါတယ်။ Sari လေးရဲ့ရောဂါကတော့ Turner Sydrome လို့ခေါပြီး အမျိုးသမီးတွေ၊ မိန်းကလေးတွေကိုပဲ အကျိုးသက်ရောက်စေတဲ့ X chromosomes လို့ခေါ်တဲ့ Sex Chromosomes ချို့ယွင်းနေတာပဲဖြစ်ပါတယ်။ အဆိုပါ Chromosomes ချို့ယွင်းမှုကနေ အရပ်မထွက်တာ၊ ဉာဏ်ရည်ချို့တဲ့တာ၊ အပျိုဖော်ဝင်ခြင်းမရှိတာ အစရှိတဲ့လက္ခပါတွေကို ခံစားရနိုင်ပါတယ်။

ဒီရောဂါ ဝေဒနာတွေကို ခံစားနေရတဲ့ Sari လေးကတော့ သူအသက်ရှိနေသရွေ့ ဒီဝေဒနာတွေကို ခံစားသွားရဦးမှာပဲဖြစ်ပါတယ်။

Source- Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။