စပိန်​အသင်​းကြီး ရီးရဲလ်အသင်​းဟာ ၎င်းတို့အလိုရှိ​နေ​သော မန်​ယူဂိုးသမား ဒီဂီယာအား ​ခေါ်ယူနိုင်​ခဲ့မယ်​ဆိုပါက အသင်​းရဲ့ ကိုလံဘီယာစတား ဂျိမ်​းစ်​အား မန်​ယူသို့ ​ရောင်​းချ​ပေးသွားမယ်​လို့ သိရပါတယ်​။

ဂျိမ်​းစ်​ဟာ ယခုနှစ်​ နည်​းပြ ဇီဒန်​းလက်​​အောက်​၌ ပွဲထွက်​ကစားရဖို့ ရုန်​းကန်​​နေရသူဖြစ်​ပြီး ၎င်းအ​နေဖြင်​့ ပုံမှန်​ကစားခွင်​့ရမည်​့ အသင်​းတစ်​သင်​းသို့ ရာသီကုန်​၌ ​ပြောင်​း​ရွှေ ့မည်​ဟု ဆုံးဖြတ်​ထားသူဖြစ်​သလို မက်​ဒရက်​အသင်​းမှလည်​း ၎င်းအား ​ရောင်​းထုတ်​သွားဖို့ ဆုံးဖြတ်​ထားပြီးဖြစ်​​ကြောင်​း ယုံကြည်​ရပါတယ်​။

ရီးရဲလ်အသင်​းဟာ ဒီဂီယာအား ​ခေါ်ယူဖို့ 2015 ခုနှစ်​က ကြိုးပမ်​းခဲ့သလို ယခုတစ်​ကြိမ်​လည်​း ပြန်​လည်​ကြိုးပမ်​း​နေပြီး မန်​ယူအသင်​းမှ အလိုရ​နေ​သော ဂျိမ်​းစ်​အား ​ရောင်​းချ​ပေးမည်​ဆိုပါက စပိန်​းသားအား ရီးရဲလ်သို့ ​ခေါ်ယူနိုင်​လိမ်​့မည်​ဟု ယုံကြည်​​နေပါတယ်​။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။