ပန်းချီကားတွေ ဓာတ်ပုံတွေထဲမှာ သရဲတစ္ဆေတွေဝင်ပူးနေတတ်တာကို ရုပ်ရှင်တွေ စာအုပ်တွေထဲမှာ ဖတ်ဖူးမြင်ဖူးကြမှာပါ။ ဒီတစ်ခုက ဇာတ်လမ်းမဟုတ်လို့ ကျောချမ်းစရာတော်တော်တော့ကောင်းပါတယ်။ တက္ကဆက်ပြည်နယ်၊ဂယ်ဗက်စတမ်မြို့က ဂါလ်ဗက် ဟော်တယ်မှာရှိတဲ့ စပိန်စစ်ခေါင်းဆောင် bernardo de galvezရဲ့ ပုံတူပန်းချီကားဟာ တစ္ဆေပူးနေတဲ့ ပန်းချီကားလို့ဆိုပါတယ်။ ၁၇၆၈ ခုနှစ်မှာသေဆုံးခဲ့တဲ့ bernardoဟာ ဒီပန်းချီကားထဲမှာရှိနေတယ်လို့ ကိုယ်တွေ့ကြုံဖူးသူတွေကဆိုပါတယ်။

တည်းခိုခန်းလာသူတွေတိုင်းဟာ ဒီပန်းချီကားကြီးကြောင့် အထိတ်ထိတ်အလန့်လန့်ဖြစ်ရသလို ပန်းချီကားရှေ့ကနေဖြတ်သွားသူတိုင်းကို မျက်လုံးရွေ့ရွေ့ပြီးလိုက်ကြည့်တတ်တဲ့အတွက် တော်တာ်လေးလည်းဆန်းကြယ်လှပါတယ်နော်။ ဒီထက်ပိုထူးခြားတာတစ်ခုကတော့ ဒီပန်းချီကားကို ခွင့်တောင်းပြီးဓာတ်ပုံရိုက်ရတာပါ။ ဒီအသက်မရှိတဲ့ ပန်းချီကားတစ်ချပ်ကို ခွင်မြတောင်းဘဲဓာတ်ပုံရိုက်မိတဲ့အခါ ဘာတွေဖြစ်တတ်လဲဆိုရင် ကြည်လင်လှတဲ့မှန်သားအောက်မှာ ဆေးသားကောင်းကောင်းနဲ့ရေးဆွဲထားတဲ့ bernardoရဲ့ပန်းချီကားဟာ ဓာတ်ပုံမှာလုံးဝပါလာမှာမဟုတ်ပါဘူး။ ပါလာခဲ့ရင်လည်းဝါးတားပြီး ပုံပေါ်မှာမဟုတ်ပါဘူးနော်။

ဒီကိစ္စတွေကို မယုံလို့ စုံစမ်းရေးတစ်ဖွဲ့က လက်တွေ့လာရောက်ပြီးစမ်းသပ်တဲ့အခါမှာလည်း သူတို့ခွင့်မတောင်းဘဲရိုက်တဲ့အတွက် ပုံလည်းမပေါ်သလို ပေါ်တဲ့အခါမှာလည်း ရွဲ့စောင်းနေတဲ့ပုံတွေနဲ့ ကပြောင်းကပြန်ဖြစ်နေတဲ့ ပုံတွေကိုသာတွေ့ရပါတယ်နော်။ ဒါနဲ့ပဲအားလုံးလည်း ကျောချမ်းကာ ခွင့်တောင်းပြီးဓာတ်ပုံရိုက်တော့မှ ပုံအမှန်ပြန်ထင်ခဲ့ပါတယ်နော်။ ဘယ်အိမ်မှာမှ ထားဖို့မသင့်တော်တဲ့ဒီပန်းချီကားဟာ အခုထိလည်း အဆိုပါဟော်တယ်မှာရှိနေဆဲပါနော်။ ပြီးတော့ ပရိတ်သတ်တို့မြင်ရတဲ့အတိုင်းပဲ ကင်မရာရိုက်တဲ့အခါမှာတောင် ကင်မရာကိုလိုက်ကြည့်နေတဲ့ bernardoရဲ့အကြည့်တွေကိုမြင်ရမှာဖြစ်ပြီးတော့ ဒီအကြည့်တွေက အိမ်မက်ထဲထိစွဲပြီးမမက်မိဖို့တော့ အရေးကြီးတယ်လို့ ဆိုလိုက်ပါရစေနော်....

Source : bernardo de galvez

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။