ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ကမ္ဘာ့ရိုဘော ညီလာခံကို ကျင်းပခဲ့ပါတယ်။

ဒီပွဲကတော့ နှစ်စဉ်ကျင်းပနေကြ ပွဲတစ်ခုဖြစ်ပြီး ယခုနှစ်ဆိုရင် ငါးကြိမ်တိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

၎င်းညီလာခံမှာဆိုရင်လည်း ကုမ္ပဏီအသီးသီက သူတို့ဖန်တီးထားတဲ့ ရိုဘော့တွေကို ပြသခဲ့ကြသလို ဂျာမနီကုမ္ပဏီ Festo ကပြသခဲ့တဲ့ ရိုဘော့ငှက်လေးကတော့ လူစိတ်ဝင်စားမှု များပြားခဲ့တာတွေ့ရပါတယ်။

၎င်းရိုဘော့ငှက်လေးကိုတော့ Festo ကုမ္ပဏီဟာ စင်ရောက်ငှက်ပုံစံ ဖန်းဆီးထားတာဖြစ်ပြီး ၎င်းငှက်လေးကို လေပေါ်ပျံသန်းပြခဲ့တဲ့အခါမှာတော့ ပွဲကြည့်သူတွေကြား စိတ်ဝင်စားမှုမြင့်တက်စေခဲ့တာပဲဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုရင် ၎င်းရိုဘော့ငှက်လေးဟာ သူ့ရဲ့ကိုယ်ပိုင် စွမ်းရည်နဲ့အတူ သာမန်ငှက်တစ်ကောင်လို လွတ်လပ်စွာ ပျံသန်းနိုင်ပြီး အဝေးကသာကြည့်မယ်ဆိုရင် တကယ့်ငှက်အစစ်တစ်ကောင်လှတာကြောင့် ပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ၎င်းရိုဘော့ငှက်လေးကို ပျံသန်းပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုပါ တပါတည်းဖော်ပြပေးလိုက်ရပါတယ်။

SOURCE - ALL NEWS VIDEO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။