စပိန်ထိပ်သီးဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ ဒီတစ်ပတ်လာလီဂါပြိုင်ပွဲရဲ့ ပွဲစဉ်၂မှာတော့ နိုင်ပွဲရရှိခဲ့ပါတယ်။ပထမပွဲစဉ်မှာရှုံးနိမ့်ခဲ့ထားတာကြောင့်အနိုင်ရဖို့ပိုကြိုးစားခဲ့တာဖြစ်ပြီး ဂိုးပြတ်နိုင်ပွဲတစ်ခုကိုရရှိခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲမှာတော့ ဘာစီလိုနာအသင်းဟာအဓိကကစားသမားတွေမပါဝင်ခဲ့ပေမယ့် ရလဒ်ကောင်းကိုစွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်းအဓိကကစားသမားတွေဖြစ်တဲ့ ဆွာရက်၊မက်ဆီတို့ဟာဒဏ်ရာတွေကြောင့်မပါဝင်နိုင်ခဲ့တာဖြစ်ပြီး ဂရစ်စမန်းတစ်ယောက်သာတိုက်စစ်မှာရှိနေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းလူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကဘာစီလိုနာအသင်းကိုအကောင်းဆုံးခြေစွမ်းတွေေပေါ်စေခဲ့တာပါ။

အဆိုပါပွဲကိုတော့ ဒဏ်ရာကြောင့်နားနေရတဲ့ ဆွာရက်နဲ့မက်ဆီတို့က လာရောက်ကြည့်ရှု့ခဲ့ကြတာဖြစ်ပါတယ်။သူတို့နဲ့တူတူ သူတို့ရဲ့သားလေးတွေလည်းခေါ်လာပြီးကြည့်ရှု့ခဲ့ကြတာပါ။အဆိုပါပွဲစဉ်မှာတော့ မက်ဆီရဲ့သားလေးလုပ်ရပ်ကြောင့်ပျော်ခဲ့ရတာဖြစ်ပါတယ်။မက်ဆီရဲ့သားလေးကတော့ ပွဲကြည့်နေရင်းနဲ့ဂိုးလို့ထအော်ခဲ့တာဖြစ်ပြီး ဆွာရက်တို့သားအဖလည်း ခဏရပ်ပြီးရယ်ခဲ့ရတာဖြစ်ပါတယ်။ဘယ်လိုတောင်ဂိုးတွေသွင်းစေချင်နေလဲဆိုတာကတော့ အောက်က video လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

Source:Goal en Español

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။