စီးရီးအေထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးဆန်းချက်ကိုခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။အင်တာမီလန်အသင်းဟာဆန်းချက်ကို ၁၀လအငှားစာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ဒီနေ့မှာဆေးစစ်တော့မှာဖြစ်ပါတယ်။ပြောင်းလဲမှုတွေနဲ့အောင်မြင်မှုတွေရဖို့ကြိုးစားနေတဲ့အင်တာအသင်းအတွက်တော့အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်လာတော့မှာပါ။

သူ့ရဲ့ပြောင်းရွေ့မှုကိုတော့ Inter ကဆန်းချက် ရရှိနေသည့် တစ်ပတ်ဝင်ငွေ ပေါင် ၃၉၀၀၀၀ ထဲ မှ ပေါင် ၁၇၅၀၀၀ အား ပေးချေသွားမှာဖြစ်ပါတယ်။ကျန်ဝင်ငွေတွေကိုတော့မန်ယူအသင်းမှပေးချေသွားရမှာဖြစ်ပါတယ်။အပြီးသတ်ဝယ်ယူမှုကိုတော့ စာချုပ်ကုန်တဲ့အချိန်မှဆွေးနွေးမှုတွေလုပ်သွားမှာဖြစ်ပါတယ်။

အင်တာအသင်းဟာအပြောင်းမန်ယူအသင်းရဲ့အဓိကတိုက်စစ်မှူးတွေကိုပစ်မှတ်ထားပြီးခေါ်ယူနေတာဖြစ်ပါတယ်။လူကာကူကိုလည်းစံချိန်တင်ပြောင်းရွေ့ကြေးနဲ့ခေါ်ယူထားပြီး အသင်းမှာပါဝင်ကစားကာခြေစွမ်းပြနေတာဖြစ်ပါတယ်။ဒါကြောင့်ဆန်းချက်ရောက်လာခဲ့ရင်တော့ အင်တာအသင်းရဲ့အမိုက်စားတိုက်စစ်တွေကို တော့ ပရိသတ်တွေမြင်ရတော့မှာဖြစ်ပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။