ဆယ်စုနှစ်တစ်ခုကြာ အနုပညာလောကထဲ ပရိသတ်အခိုင်အမာရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ထိုက်ပါပေတယ်။

ပရိသတ်များနဲ့အပေးအယူတည့်တည့်နေတတ်ပြီး လူမှုဆက်ဆံရေးပြေပြစ်သူအဖြစ်လည်း အနုပညာရှင်အချင်းချင်းသာမက ပရိသတ်တိုင်းကပါ လေးစားချစ်ခင်ကြတာပါ။

ခရီးတွေမကြာခဏထွက်လေ့ရှိတဲ့ စိုင်းစိုင်းကတော့ လက်တလောမှာလည်း ဂျပန်နိုင်ငံ တိုကျိုမြို့ကို အလည်ပတ်ရောက်ရှိနေပြန်ပါတယ်။

စိုင်းစိုင်းတစ်ယောက် ဂျပန်ရောက်တုန်း သူ့ပရိသတ်တွေနဲ့ဆုံလို့ အမှတ်တရဓာတ်ပုံလေးတွေ ပျော်ပျော်ပါးပါးရိုက်ခဲ့တဲ့ပုံပါပဲ။

ဒါ့ပြင် တိုကျိုမြို့ကို လျှောက်လည်နေရင်း သမင်လေးတွေနဲ့လည်း အမှတ်တရ ပုံလေးတွေရိုက်ကာ သူ့ကိုသူ သမင်လိုလုပ်ကာ မျက်နှာပြောင်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ စိုင်းစိုင်းတစ်ယောက် အခုလို ရုပ်ပြောင်ပြီး ပျော်နေတဲ့ပုံမြင်တော့ သူတို့လည်း စိတ်ချမ်းသာတယ်လို့ ဆိုပါတယ်။

မကြာသေးမီရက်ပိုင်းက သူ့ကိုယ်သူအသက်ကြီးတဲ့ပုံလေးတင်ပြီး ထရိုလာတွေကို ပညာသားပါပါနဲ့ တုန့်ပြန်ခဲ့ပုံကြောင့် ပိုပြီးလူချစ်လူခင်များလာပါသေးတယ်။

လူပျိုကြီးစိုင်းစိုင်းကတော့ သာယာပါတယ် ပရိသတ်ကြီးရေ။  

သတင်းအရင်းမြစ် sai sai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။