အတိုက်အခိုက်ပြိုင်ပွဲတွေထဲကတစ်ခုဖြစ်တဲ့ MMA ပြိုင်ပွဲကတော့ တစ်ကမ္ဘာလုံးကပရိသတ်တွေ စိတ်အဝင်စားဆုံးပြိုင်ပွဲလည်းဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲတွေကို ကမ္ဘာအနှံ့ကျင်းပနေကြတာဖြစ်ပြီး မြန်မာနိုင်ငံမှာတောင် ကျင်းပနေကြတာဖြစ်ပါတယ်။MMA ပြိုင်ပွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် နည်းဗျူဟာတွေနဲ့ခွန်အားသုံးကစားရတာကြောင့် ပိုစိတ်ဝင်စားစရာကောင်းနေတာပါ။

MMA ပြိုင်ပွဲတွေထဲမှာ လည်းကမ္ဘာကျော်ကစားသမားတွေများစွာထွက်ပေါ်နေတာဖြစ်ပြီး အားကစားကစားသမားအချင်းချင်းတောင် အားပေးရတဲ့ကစားနည်းဖြစ်ပါတယ်။ပြိုင်ပွဲတစ်ပွဲထိုးသတ်ဖို့အတွက်လည်း အချိန်တွေများစွာ လေ့ကျင့်ပြီးမှ ယှဉ်ပြိုင်ထိုးသတ်ရတာကြောင့် ပွဲစဉ်တိုင်းက ရင်ခုန်စရာအပြည့်နဲ့စိတ်လှုပ်ရှားစရာကောင်းနေတာပါ။

ခုမှာလည်း ပရိသတ်တွေကို MMA ပြိုင်ပွဲတွေထဲက အကောင်းဆုံးပွဲတစ်ပွဲအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။Bruno Cannetti vs Andres Quintana တို့ရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီး ပွဲပြီးတဲ့အချိန်ထိ အကောင်းဆုံးရသတွေပေးခဲ့တာပါ။တစ်ယောက်ကိုတစ်ယောက် သွေးတွေထွက်နေပေမယ့် နောက်ဆုံးအချိန်ထိ စိတ်ဝင်စားဖွယ်ထိုးသတ်သွားခဲ့တဲ့ ပွဲစဉ်ရဲ့ video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။