ရီးရဲမက်ဒရစ်အသင်းဟာအသင်းရဲ့တိုက်စစ်နဲ့ကွင်းလယ်အတွက် မန်ယူအသင်ကစားသမားပေါ့ဘာကို အပြောင်းအရွေ့နောက်ဆုံးရက်မတိုင်ခင်အမှီခေါ်ယူဖို့ကြိုးစားနေတာပါ။အပြောင်းအရွေ့အစကတည်းက ပေါ့ဘာဟာအသင်းပြောင်းရွေ့ဖို့သတင်းတွေထွက်နေပေမယ့်လည်း ခုမှာတော့ မန်ယူအသင်းမှာသာပါဝင်ကစားနေတာဖြစ်ပါတယ်။

ရီးရဲအသင်းကလည်း နေမာကိုခေါ်ယူဖို့အဆင်မပြေတော့တာကြောင့် ပေါ့ဘာကိုခေါ်ယူဖို့ ပြန်စဉ်းစားနေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပေါ့ဘာကိုမရောင်းချဘူးလို့ပြောထားပေမယ့် ရီးရဲအသင်းကဘယ်လို ကမ်းလှမ်းမှုတွေနဲ့ထပ်မံစွဲဆောင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

ရီးရဲအသင်းဟာဒီနှစ်မှာကမ္ဘာကျော်ကစားသမားတွေကိုစံချိန်တင်ပြောင်းရွေ့ကြေးတွေနဲ့ ခေါ်ယူနေတာဖြစ်ပါတယ်။ဒါပေမယ့်လည်း အသင်းရဲ့ခြေစွမ်းတွေကတော့ လက်ရှိအချိန်အထိအားရစရာကောင်းတဲ့ခြေစွမ်းတွေမတွေ့ရသေးတာဖြစ်ပါတယ်။ဒါကြောင့် အပြောင်းအရွေ့မပိတ်ခင်မှာ ကမ္ဘာကျော်ကစားသမားတစ်ယောက်ကိုခေါ်ယူဖို့ကြိုးစားနေတာပါ။

Source:The Sun Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။