မန်ချက်စတာယူနိုက်တက်အသင်းမှာလည်းကစားခဲ့ဘူးပြီး ခုမှာတော့မေဂျာလိဒ်မှာခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး Ibrahimovic ကတော့ မန်ယူအသင်းကိုပြန်လာဖို့အသင့်ရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။သူကတော့လက်ရှိမေဂျာလိဒ်ကလပ် LA Galaxy အသင်းမှာကစားနေတာဖြစ်ပြီးခြေစွမ်းပိုင်းအကောင်းဆုံးမှာရှိနေတာပါ။

သူကတော့မန်ယူအသင်းမှာလည်းပါဝင်ကစားခဲ့ဘူးပြီး ခြေစွမ်းပြပြီးဂိုးတွေသွင်းယူပေးနိုင်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာခုမှာတော့ အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူ၊ဆန်းချက်တို့ဟာအင်တာမီလန်အသင်းကိုပြောင်းရွေ့ခဲ့တာကြောင့် တိုက်စစ်မှူးပြဿနာကိုကြုံတွေ့နေရတာဖြစ်ပါတယ်။

ဒါကြောင့်မိုဗစ်က မန်ယူအသင်းအတွက်အချိန်တိုင်တံခါးဖွင့်ထားကြောင်းပြောကြားခဲ့တာပါ။မန်ယူအသင်းကသာခေါ်ယူခဲ့မယ်ဆို မိုဗစ်ကိုနောက်ထပ်မန်ယူအသင်းမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ပရိသတ်တွေလည်းတိုက်စစ်မှူးကောင်းတွေဆုံးရှုံးထားရတဲ့ မန်ယူအသင်းဘယ်လိုတွေ တိုက်စစ်အတွက်ပြင်ဆင်မလဲဆိုတာကတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ကြပါဦးနော်။

SOURCE:Daily Mail


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။