လူတိုင်းမှာ အချစ်ဦးနဲ့ပက်သက်ပြီး မမေ့နိုင်ခဲ့တဲ့ အတိတ်ကအမှတ်တရလေးတွေရှိကြသလို သူပေးခဲ့တဲ့ လက်ဆောင်လေးတွေကိုလည်း မစွန့်ပစ်ရက်ပဲ သိမ်ထားကြတဲ့သူတွေလည်း ရှိမြဲရှိနေကြပါတယ်။

ထိုသို့သောသူတွေထဲမှာဆိုရင်တော့ Adrian Pearce ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ရည်းစားဟောင်းကလမ်းခွဲတဲ့နေ့မှာပေးခဲ့တဲ့လက်ဆောင်ကိုနှစ်ပေါင်း ၄၈နှစ်ကြာတဲ့အထိ မဖွင့်ပဲသိမ်းထားတုန်းလို့သိရပါတယ်။

သူတို့နှစ်ယောက်ဟာ အသက်(၁၇)နှစ်အရွယ်မှာ စတင်တွေ့ခဲ့ကြတာဖြစ်ပြီး သူ့ရဲ့ အချစ်ဟောင်းမိန်းကလေးက ခရစ္စမတ်လက်ဆောင်ပေးပြီးတာနဲ့ သူ့ကိုလမ်းခွဲသွားခဲ့တာပါ။ အာ့အချိန်တုန်းက သူဟာအိမ်အပြန်လမ်းမှာ စိတ်ဆိုးဒေါသထွက်ပြီး ဝမ်းနည်းနေခဲ့ရပါတယ်။အသည်းကွဲရတဲ့ခံစားချက်ကပင်ပန်းလွန်းလို့ လက်ဆောင်ကိုတောင် ခရစ်စမတ်သစ်ပင်အောက်မှာ လွှင့်ပစ်ခဲ့ပါတယ်။မိသားစုတွေက သူတို့ရဲ့လက်ဆောင်တွေဖွင့်ကြည့်နေပေမဲ့ သူ့ရဲ့ ခရစ်စမတ်လက်ဆောင်ကတော့သစ်ပင်အောက်မှာဒီအတိုင်းပါပဲ။

အဲ့ဒီနောက် Adrian Pearceဟာ ဒီလက်ဆောင်ကိုဘယ်တော့မှဖွင့်ကြည့်မှာမဟုတ်ဘူးလို့သူ့ရဲ့မိသားစုကိုပြောခဲ့ပါတယ်။ပြောခဲ့တဲ့စကားအတိုင်းပဲသူက ဒီနေ့ထိအောင်လက်ဆောင်ကိုမဖွင့်ခဲ့ပါဘူး။

သို့ပေမယ့် ၎င်းအမျိုးသားဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကရည်းစားဟောင်းနဲ့ပြန်တွေ့ခဲ့ပေမယ့် သူမပေးခဲ့တဲ့ လက်ဆောင်ပေးကိုတော့ ခရစ်စမတ်သစ်ပင်အောက်မှာ ထားမြဲထားဆဲပါပဲ။

၎င်းအမျိုသားရဲ့ ရည်စားဟောင်းမိန်းကလေးကတော့ အိမ်ထောာင်ကြပြီးလို့ မွေးလာတဲ့ ကလေးတွေတောင် အရွယ်တော်တော်ရောက်နေပြီပဲဖြစ်ပါတယ်။

Adrian Pearce ဟာဘာလို့ ဒီလက်ဆောင်ကို ဘာလို့သိမ်းထားခဲ့သလဲဆိုရင် သူ့ရည်းစားဟောင်းနဲ့ တစ်ချိန်ကျပြန်အဆင်ပြေသွားခဲ့ရင် နှစ်ယောက်အတူဖွင့်ကြည့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကလေး တစ်ခုနဲ့မဖွင့်ပဲ သိမ်းထားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Adrian Pearceဟာ ဒီလက်ဆောင်လေးကို သိမ်းထားခဲ့တာ ၄၈နှစ်ကြာသွားခဲ့ပါပြီဖြစ်သလို သူ့ရဲ့မျှော်လင့်ချက်လေးကလည်း ဆိတ်သုန်းပြောက်ကွယ်သွားခဲ့ရပါပြီ။

ဒါပေမယ့် သူအခုထိသိမ်ထားတဲ့ လက်ဆောင်ဘူးလေးကိုတော့ နှစ် ၅၀ ပြည့်တဲ့နေ့ကြရင် ဖွင့်ကြည့်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

Source : Ice Pop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။