တည်ကြက်ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကို ဝက်ဝံရေတံခွန်မှာ ရိုက်ကူးခဲ့ရာမှ ခြေချော်ကျပြီး ပြုတ်ကျမလိုဖြစ်တာကြောင့် လူကြမ်းမင်းသားတစ်ဦးကနေ ဆွဲထားခဲ့ရတယ်လို့ သိရပါတယ်။

‘‘လန့်သွားတာပေါ့။ သွားပြီပေါ့။ အောက်ကိုပြုတ်ကျရင် သေများသေမလား၊ မသေရင်တောင် ကျိုးမလား၊ ပဲ့မလား၊ တစ်ခုခုဖြစ်သွားမလားပေါ့။ တစ်ခုခုဖြစ်ရင် အလုပ်တွေရပ်လိုက်ရမှာလည်း စိုးရိမ်တယ်’’ လို့ သင်ဇာဝင့်ကျော်ကနေ ပြောကြားခဲ့ပါတယ်။

‘‘ဝက်ဝံရေတံခွန်အဆင်းလမ်း၊ အဆင်းတုန်းကတော့ ဘာမှမဖြစ်ဘူး။ အတက်ကျတော့ အောက်မှာရိုက်ပြီး မောပန်းနေ တာ။ ရေတံခွန်မှာရိုက်တော့ ဖိနပ်တွေကလည်း ရေစိုနေတယ်။ ရေစိုတော့ချောပြီး အောက်ကိုလျှောကျတော့မလို့။ ဆွဲတဲ့လူတောင် ပြုတ်ကျတော့မလို့။ နောက်ဆုံး လူကြမ်းတစ်ယောက်က အစ်ကိုတစ်ယောက်က သေချာဆွဲ၊ နောက်ကလည်း နှစ်ယောက်လောက်ပါလို့’’

‘တချို့ကားတွေလည်း ပင်ပန်းခဲ့ပါတယ်။ ဒီကားကတော့ တော်တော်အမှတ်တရများတဲ့ကား။ နေ့တိုင်းလိုလို ပင်ပန်းတာ။ တချို့ကားတွေကတစ်ရက်၊ နှစ်ရက်လောက်ပဲ ပင်ပန်းတယ်။ ကျန်တဲ့ဆင်းန်တွေက အဲဒီလောက်ကြီး မပင်ပန်းဘူး။ အခု ကားက အရမ်းကြမ်းတမ်းတဲ့ခရီး ထွက်ရတာကို ရိုက်တာဆိုတော့ အရမ်းပင်ပန်းပါတယ်’’ လို့ တည်ကြက်ဇာတ်ကားနဲ့ပတ်သတ်ပြီး ထပ်မံပြောကြားခဲ့ပါတယ်။

Source : 7days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။