ဝါရင့်သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ ယနေ့တိုင်အောင် ငယ်ရွယ်နုပျိုလှပတဲ့ မင်းသမီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ချစ်ခင်မှုရရှိထားဆဲ ဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်မွေးဖွားထားတဲ့ ခင်ဇာခြည်ကျော်က ကလေးနှစ်ယောက်အမေလို့မထင်ရလောက်အောင် အရွယ်တင်လွန်းသူ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်က အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သလို သားနဲ့သမီးကိုလည်း သူမရဲ့အနုပညာအမွေကိုပေးထားတာလည်း ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်ရဲ့ သားနဲ့သမီးနှစ်ယောက်လုံးက အမေတူလေးတွေဖြစ်တာကြောင့် အချောအလှလေးတွေဖြစ်ကြသလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်ကြပါတယ်။ လက်ရှိမှာတော့ သားကြီးဘုန်းမင်းနေလက စင်ကာပူမှာကျောင်းသွားတက်နေတာဖြစ်ပြီး သမီးလေး ထင်သစ္စာကတော့ မေမေခင်ဇာခြည်ကျော်နဲ့အတူနေနေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ထင်သစ္စာလေးက အခုလည်းမေမေနဲ့အတူ Tik Tok ကစားထားတာ တွေ့ရပါတယ်။

Tik Tok ကစားရတာ ဝါသနာပါကြတဲ့ ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်က အခုလည်း သီချင်းလေးတစ်ပုဒ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူသရုပ်ဆောင်ပြထားကြပါတယ်။ တစ်ယောက်ကို အိုက်တင်တစ်မျိုးစီနဲ့ ရုပ်ပြောင်လေးတွေလုပ်ပြထားတဲ့ သူမတို့သားအမိနှစ်ယောက်ကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ရဲ့ ချစ်စရာTik Tok ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Khinzar Chikyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။