ပရိသတ်ကြီးရေ မင်းသမီးချောဆုပန်ထွာကတော့ သားတစ်ယောက်မိခင်ဖြစ်ပြီး ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဆုပန်ထွာက သူမရဲ့သားလေးကို British School Yangon (BSY) မှာကျောင်းထားပြီး သားလေးရဲ့ကျောင်းတတ်တဲ့အမှတ်တရလေးတွေကို အောက်ပါအတိုင်းပြောပြထားပါတယ်နော်။"ပထမဆုံးတက်တဲ့ရက်တော့ပြုံးလို့ရွင်လို့၊ အိမ်ကနေသွားကတည်းက School သွားချင်လွန်းလို့သူ့ခင်ဗျာ တက်တက်ကြွကြွ၊ သူ့ဒယ်ဒယ်ကိုတောင် School လိုက်ပို့ဖို့အိပ်ယာနှိူးတဲ့ကလေး။ကျောင်းရောက်လို့ဘေဘီတွေတစ်ခန်းလုံးငိုကြတော့ နောက်နေ့သူပါဝမ်းနည်းပက်လက်ဖြစ်ဖြစ်လာပြီး နေ့တိုင်းငိုတော့တာ သူလည်းမျက်ရည်နဲ့မျက်ခွက်၊ ဒီအမေလည်းမျက်ရည်နဲ့မျက်ခွက်။ အရင်က တစ်ပတ်တစ်ရက် ၁ နာရီပဲ Heguru တက်ရတော့ ဒယ်ဒယ် ဒါမှမဟုတ် မာမားအမြဲပါတော့ သူ့အတွက်မသိသာလှပေမယ့် အခုကမနက်၈နာရီကနေ နေ့လည် ၂:၃၀ထိဆိုတော့ သူစိမ်းတွေကြားထဲ မျက်စိသူငယ်နားသူငယ်နဲ့ ငိုပဲနေတော့တာ။

သူကငိုတာတောင်အပြောလေးနဲ့ငိုတာဆိုတော့ ပိုဆိုးတာပေါ့လေ။ မအေကသားပညာတတ်ကြီးဖြစ်ဖို့ ကျောင်းသွားရမှာပဲလို့ပြောတော့ !အဲ့ဒီနေ့ကစပြီး “Roar Roar မနေ့ကကျောင်းတက်တယ် ပညာတတ်ကြီးဖြစ်ပြီကျောင်းသွားဖို့မလိုတော့ဘူးနော် မာမား" တဲ့Roar Roar ကျောင်းမတက်တော့ဘူးပညာတတ်ကြီးဖြစ်သွားပီ" ဒါပဲတတွတ်တွတ်။ကျောင်းတက်တာ ၂ပတ်ရှိပီ။ မျက်နှာကလည်းအမြဲမျက်နှာငယ်လေးနဲ့ အရင်ကသူ့မျက်နှာအရိပ်တကြည့်ကြည့် တချက်မညိုငြင်စေရထားခဲ့တဲ့ ဒီအမေအတွက်တော့ "ပွဲ" ပဲ။ နို့ဖြတ်တုန်းကခံစားခဲ့ရသလိုမျိုး မားမားနို့မစို့ရလို့အာပြဲနဲ့နေ့နေ့ညညငိုတာကို ဒီတိုင်းမျက်ရည်တေကျပီးထိုင်ကြည့်ခဲ့ရသလိုမျိုးပဲခံစားရတယ်။ ဒီပိစိကွေး ၆လကျော်လေးက နို့ဗူးဖျော်တိုက်တာကို လုံးဝမစို့ပဲ ခေါင်းမာစွာနဲ့ ၃ ၄ ရက်လောက်မစို့ပဲနေခဲ့ဖူးတယ်။ အဲ့ဒီကတည်းက သားလေးက ဇွဲကြီးတယ်၊ခေါင်းမာတယ် ဆိုတာတော့သိလိုက်ပီလေ။ ကျောင်းပို့ပြီးရင်သူ့ထားခဲ့ပြီးတာနဲ့ ကားပေါ်ရောက်တာနဲ့ကိုယ်လည်းချုံးပွဲချငို..ဪ ဆုပန်ထွာ စိတ်ဓါတ်တွေမာကျောလှပြီလို့ကိုယ်ကိုယ်ကိုယ်ထင်ထာ။

သားတစ်ယောက်ဘဝမှာ ပညာတတ်ဖို့၊ကိုယ့်ဘဝကိုယ်လျောက်နိုင်ဖို့၊အမှားအမှန်တွေခွဲခြားတတ်ဖို့၊ကိုယ့်လမ်းကိုယ်အရည်အချင်းအပြည့်နဲ့လျောက်နိုင်ဖို့အတွက် ဒီကျောင်းစထားတဲ့ကာလကို မားမား ကြိုးစားပြီးကျော်ဖြတ်နေရပါပြီ။အခု၃ပတ်မြောက်အစမို့ကလေးရောအမေရောတည်ငြိမ်လာပါပြီ။သားလေးကျောင်းတက်တာ ၂ ပတ်ရှိပြီမို့ Roar Roar လည်းမငိုတော့သလို၊ မာမားလည်းသားကိုတတွတ်တွတ်သင်ရတာ အသားကျလာပါပြီ။ ဒီစာလည်းရေးလိုက်၊မအားလိုက်၊ပြန်ရေးလိုက်နဲ့ ဒီညမှ အဆုံးသတ်ဖြစ်ပါတယ်။အခုသူဒီကျောင်းတက်ဖို့ လင်မယားနှစ်ယောက်အလုပ်တွေကြိုးစားပြီးရှာထားတဲ့ပိုက်ဆံ၊ချွေးနဲစာနဲ့ထားရတာမို့ ပန်ပန့်အတွက်တော့တော်တော်လေးတန်ဖိုးကြီးပါတယ်။ လင်မယားနှစ်ယောက်လုံးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကြတဲ့သူတွေဖြစ်တဲ့အတွက် ဂုဏ်ယူစွာနဲ့ ကြိုးစားရင်းသားလေး Roar Roar ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးကြပါမယ်။ဒါကလည်းမိဘတိုင်းကြိုးစားကြရတာပါပဲ။ ပန်ပန်အခုခံစားရတာမျိုးလည်း ဖခင်တိုင်းမိခင်တိုင်းခံစားရမှာမလွဲမသွေပါပဲလေ။ မထူးဆန်းလောက်ပါဘူး။"ဆိုပြီး ရေးသားမျှဝေထားပါတယ်နော်။

Source:Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။