ပရိသတ်ကြီးရေ ချစ်စရာကလေးလေးဖြစ်တဲ့ ထိပ်ထားသခင်ကတော့ အသက်ငယ်ငယ်လေးနဲ့အနုပညာကိုဝါသနာပါသူတစ်ယောက်ဖြစ်လို့ အနုပညာလမ်းကြောင်းပေါ်ကို ဖြည်းဖြည်းချင်းလျှောက်လှမ်းနေပါပြီနော်။ထိပ်ထားလေးက စကားတွေလည်းအရမ်းတတ်ပြီး အပြုအမူလေးတွေကလည်းအရမ်းချစ်စရာကောင်းလို့ တွေ့မြင်တဲ့သူတိုင်းကအရမ်းချစ်ကြကာ အနုပညာအသိုင်းအဝိုင်းကလည်း ထိပ်ထားလေးကိုချစ်ခင်ကြပါတယ်။

သြဂုတ်လ(၂၉)ရက်နေ့မှာတော့ ထိပ်ထားသခင်လေးက အသက်(၅)နှစ်ပြည့်သွားပြီဖြစ်ပြီး မွေးနေ့ပွဲလေးကို ရွှေတိဂုံအနောက်ဖက်မုခ် Myanmar Culture Valley Park ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ် တွင် ရွှေရင်ပင် စားသောက်ဆိုင်တွင်ကျင်းပခဲ့ရာ အနုပညာရှင်များကလည်း တက်ရောက်ခဲ့ကြပါတယ်နော်။မွေးနေ့ရှင် ထိပ်ထားသခင်လေးကလည်း အရမ်းကိုပျော်ရွှင်နေပြီး အမှတ်တရနေ့လေးမှာအရမ်းကိုလှနေပါတယ်နော်။

ထိပ်ထားသခင်လေးက Unicorn ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး အရမ်းချစ်စရာကောင်းနေကာ အရုပ်လေးနဲ့တောင်တူနေပါတယ်နော်။မွေးနေ့ပွဲလေးကိုလာကြတဲ့ အနုပညာအသိုင်းအဝိုင်းကိုလည်း ဖော်ဖော်ရွေရွေနဲ့ဧည့်ခံပြီး အရမ်းပျော်ရွှင်နေပါတယ်နော်။ပရိသတ်ကြီးလည်း အရမ်းချစ်စရာကောင်းတဲ့ ထိပ်ထားသခင်လေးရဲ့ မွေးနေ့ပွဲပုံရိပ်များကို တွေ့မြင်ရအောင်လို့ မျှဝေပေးလိုက်ပါရစေနော်။

Source:Myanmar Load TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။