ပရိသတ်ကြီးရေ မင်းသားချောတစ်ယောက်ဖြစ်တဲ့ နိုင်းနိုင်းကတော့ တစ်ခေတ်တစ်ခါတည်းကအနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး ချောမောခန့်ညားတဲ့ရုပ်ရည်ကြောင့် ပျိုတိုင်းကြိုက်တဲ့မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်နော်။ယနေ့ချိန်ထိလည်း ချောမောခန့်ညားနေဆဲဖြစ်တဲ့ နိုင်းနိုင်းက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်နော်။

Source:Actor 99's Facebook
Source:Actor 99's Facebook

နိုင်းနိုင်းကတော့ သားသမီး၄ယောက်ကိုပိုင်ဆိုင်ထားပြီး သားသမီးတွေနဲ့ချစ်ဇနီးလေးတို့က နယူးယောက်မှာနေထိုင်ကြကာ နိုင်းနိုင်းကတော့ မြန်မာပြည်ပြန်လာပြီး အနုပညာအလုပ်တွေလည်းလုပ်ဆောင်သလို အားလပ်ရက်တိုင်းမှာ မိသားစုဆီသွားပါတယ်နော်။နိုင်းနိုင်းရဲ့မိသားစုလေးက အရမ်းပျော်ရွှင်စရာကောင်းပြီး နွေးထွေးကြလို့ ပရိသတ်တွေကလည်း နိုင်းနိုင်းရဲ့မိသားစုလေးကို ချစ်ခင်အားကျကြပါတယ်နော်။

Source:Actor 99's Facebook
Source:Actor 99's Facebook

နိုင်းနိုင်းကတော့ ကလေးတွေကို အချိန်အပြည့်ပေးပြီး အတူတူဆော့ကစားကာ ပျော်ပျော်ပါးပါးနေထိုင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း နိုင်းနိုင်းက သားသမီး၄ယောက်နဲ့ အတူတူဆော့ကစားနေကာ"ရဲဘော်များနှင့် Snapchat... ကျွန်တော်နှင့်နံပါတ်၄ ကီးမကိုက် ပါ...စိတ်ချမ်းသာပြီး ကောာင်းသောရက်များဖြစ်ပါစေ..ပရိသတ်ကြီး."ဆိုပြီး ပျော်ရွှင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Actor 99's Facebook
Source:Actor 99's Facebook

Source:Actor 99's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။