သရုပ်ဆောင်မင်းသမီး ပွင့်နဒီမောင်က ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုရိုက်ကူးရင်း အနုပညာနယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်....။ အနုပညာလောကထဲသို့ စတင်ဝင်ရောက်ကတည်းက အောင်မြင်မှုများစွာကိုရရှိထားပြီး အခုလက်ရှိအချိန်မှာလည်း အားပေးမှုလျော့မကျသွား တာကိုတွေ့ရပါတယ်...။ သူမက ယခုလက်ရှိမှာ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေကို လက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်....။

Photo Credit Mg Hein

ပွင့်နဒီမောင်က Mrtv-4 ရုပ်သံဇာတ်လမ်းတွဲမှာ ရိုက်ကူးပြသမယ့် "တတိယမြောက်ဆုံမှတ်" ဇာတ်ကားထဲမှာ "ဒေါ်နုမေ" အဖြစ်ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်...။ ပွင့်နဒီမောင်ရဲ့ သဘာဝပီပြင်တဲ့ သရုပ်ဆောင်မှုတွေ၊ ဇာတ်ရုပ်ဇာတ်ကွက်တို့ကို ပရိသတ်ကြီးအနေနဲ့ စောင့်မျှော်ကြည့်ရှု ခံစားကြရတော့မှာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း ပွင့်နဒီမောင်က "Sule Shangri-La" မှာကျင်းပတဲ့ ပွဲလေးသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်....။ ဓာတ်ပုံဆရာ Mg Heinက အမှတ်တရအလှဓာတ်ပုံတွေရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်...။

Photo Credit Mg Hein

သရုပ်ဆောင် မင်းသမီး ပွင့်နဒီမောင်က ခေတ်ရေစီးကြောင်းအတိုင်း သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို facebook စတဲ့ social media စာမျက်နှာများတွင် အစဉ်အမြဲ ထုတ်ဖော်ပြသပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင် ပွင့်နဒီမောင်က သူမရဲ့ facebook စာမျက်နှာထက်မှာ "အပြောကောင်းတာ... ဟုတ်ဘူး အကောင်းပဲ....ပြောတတ်တာ အဲ့ဒါ ကျယ်မ ရဲ့ အားနည်းချက်" ဆိုပြီး သူမရဲ့ ပွဲတက် ပုံရိပ်တွေကို တင်ထားပါတယ်...။ Myanmarload ပရိသတ်ကြီးအတွက် ပွင့်နဒီမောင်ရဲ့ ပွဲတက်အလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Pwint Nadi Maung

Photo Credit Mg Hein

Photo Credit Mg Hein
Photo Credit Mg Hein
Photo Credit Mg Hein
Photo Credit Mg Hein
Photo Credit Mg Hein
Photo Credit Mg Hein
Photo Credit Mg Hein
Photo Credit Mg Hein
Photo Credit Mg Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။